သူတော်ကောင်း၏ ကလဲ့စား ( ၁ )
*************************
“ ဖြန်း…”
“ အား…”
တင့်ဝေ
ပူခနဲဖြစ်သွားသော သူ့ပါးကိုပြန်စမ်းရင်း ကျားသစ်မတစ်ကောင်ကဲ့သို့ မာန်ဖီကာ
ဆတ်ဆတ် တုန်အောင် ဒေါသထွက်နေသည့် အချစ်ခင်ဆုံး၊ အလေးစားရဆုံး သူငယ်ချင်း
လှလှကို တအံ့တသြလှမ်းကြည့် နေမိသည်။ ပြီးတော့ မေးခွန်းထုတ်လိုက်သည်။
“ ငါ့ကို ဘာလို့ ပါးရိုက်ရတာလဲ”
“ နင် သာသနာကို ကျေးဇူးကန်းလို့၊ ယုတ်မာလို့ ရိုက်တာ”
…..
“
နင်မသိချင်ယောင်ဆောင်မနေနဲ့၊ ကိုယ့်လုပ်စာ ကိုယ်စားပြီး ကြိုက်တဲ့မိန်းမယူ၊
ကြိုက်တဲ့ဘာသာထဲ ၀င်၊ ငါတို့ ဘာမှပြောစရာမလိုဘူး။ နင့်မိဘတွေ မရှိကတည်းက
နင့်ကို စာရိတ္တသုခကျောင်းဆရာတော်က သား အဖြစ်မွေးစားတယ်။ စားဝတ်နေရေး၊
ပညာရေး အကုန်တာဝန်ယူတယ်။ ဘုန်းကြီးကျောင်းမှာနေ၊ ဘုန်းကြီး
ကျောင်းမှာစားပြီး ကျောင်းပြီးလာတဲ့နင်က လူမျိုးခြားမကို ယူပြီး
တခြားဘာသာထဲ အရှက်မရှိဝင်သွားတာဟာ ဗုဒ္ဓသာသနာကို ကျေးဇူးကန်းတာမဟုတ်လို့
ယုတ်မာတာမဟုတ်လို့ ဘာလဲ”
…..
“
အခုကြည့်စမ်း၊ ဆရာတော်ကြီးဟာ ရှက်ရှာလွန်းလို့ မစားနိုင်၊
မအိပ်နိုင်ဖြစ်ပြီး ကျောင်းထဲကတောင် အပြင်မထွက်ရဲရှာတော့ဘူး။ ဆရာတော်ကြီးသာ
ပျံလွန်တော်မူသွားရင် နင်တော့ အ၀ီစိမှာ ချိုးကပ်ပြီးသားပဲ”
လှလှ၏စကားအဆုံးတွင်
စိတ္တသုခကျောင်းဆရာတော်၏ မျက်နှာသည် တင့်ဝေ၏မျက်လုံးထဲ ပေါ်လာသည်။
လူမမယ်အရွယ်ကတည်းက သူ့ကို စောင့်ရှောက်ပြုစုခဲ့သော ဆရာတော်ကို
သူစိတ်ထိခိုက်အောင် လုပ်ခဲ့မိပေ ပြီ။ အခြားဘာသာထဲ ၀င်သည့်အတွက် ဈေးထဲတွင်
ဆိုင်ခန်းတစ်ခန်းနှင့် အိမ်ခြံမြေကိုပါ ရရှိထားပြီးဖြစ်ရာ
နောင်တမရချင်တော့။
အကျိုးတရားတစ်ခုတည်းကိုကြည့်၍
ဘာသာပြောင်းသည်မှာ မှန်သည်ဟု ဇွတ်ဆုံးဖြတ်လိုက် တော့သည်။
မည့်သည့်ဗုဒ္ဓဘာသာဝင် အသိုင်းအ၀ိုင်းကမှ သူ့ကို ထိုကဲ့သို့ ထောက်ပံ့ကူညီမည်
မဟုတ်ချေ။ ဥရောပတိုက်မှ မက္ခိယဗယ်လီအမည်ရှိ ဒဿနပညာရှင်တစ်ဦးက လူတော်များကို
ဆိုးအောင်လုပ်မည့် ဒဿန တစ်ခုကို ရေးခဲ့သည်။
ထိုဒဿနမှာ
လူ့လောကသည် ကစားကွင်းကြီးနှင့်တူသည်။ ကစားကွင်း၌ ကစားကြသောသူများသည်
နိုင်ဖို့အရေးကြီးသည်။ ကစားသည်မှာ နိုင်ဖို့အတွက်ဖြစ်သည်။ ထို့ကြောင့်
မည်သည့်နည်းဖြင့်နိုင်နိုင်၊ နိုင်အောင် ကစားနိုင်လျှင် ထိုနည်းသည်မှန်သည်။
ရှုံးသည်ဆိုလျှင် ထိုနည်းသည် မည်မျှပင်ကောင်းကောင်း အမှားသာဖြစ် သည်။
ထို့အတူ
လူ့လောကတွင် ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေး မည်သည့်အရေးမှာဖြစ်စေ
အနိုင်ရလျှင်၊ အသာစီးရလျှင် ထိုနည်း၊ ထိုဆုံးဖြတ်ချက်သည် အမှန်သာဖြစ်သည်။
မိမိရှုံးလျှင်၊ နစ်နာလျှင် ထိုနည်းသည် အမှားသာ ဖြစ်သည်။
ပုထုဇဉ်လူသား၏ မွေးရာပါ ရာဂါနုသယမီးစာကို မီးရှို့ပေးသော ၀ါဒဖြစ်သဖြင့် လူ့လောကကို ဖျက်စီးမည့်၊ ကြောက်စရာကောင်းသည့် ၀ါဒတစ်ခုဖြစ်သည်။
ထိုဝါဒကို
လက်ခံကျင့်သုံးမိသောကြောင့် နာဇီခေါင်းဆောင် ဟစ်တလာသည်
ဂျူးလူမျိုးခြောက်သန်း ကျော်ကို ရက်ရက်စက်စက် သတ်ရဲသော
လူတော်လူဆိုးတစ်ယောက် ဖြစ်လာရခြင်းပင်။ ထိုဝါဒ၏ ဖိအားပေး မှုကြောင့်
ဗိုလ်ချုပ်နေ၀င်းသည် စားစရာမလောက်၍ ဆန်နှင့်ဆီပေးရန် တောင်းခံဆန္ဒပြသော
ဆင်မလိုက် သင်္ဘောကျင်းမှ အလုပ်သမားများကို ရက်စက်စွာသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
တစ်ကမ္ဘာလုံးလေးစားရသော
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်အလောင်းကို အာဇာနည်ကုန်းမှာ
ဂူသွင်းချင်၍ ဆန္ဒပြသော တက္ကသိုလ်ကျောင်းသား ရာပေါင်းများစွာကို
ပစ်သတ်ခိုင်းရဲခြင်းမှာလည်း ထိုသည့် မက္ခိယဗယ်လီ၏ ၀ါဒကြောင့်ပင်ဖြစ်သည်။
မိမိ မိသားစု၏ နိုင်ငံရေးအာဏာ ရေပွက်ပမာ တစ်သက်တာတည်ဖို့ အတွက်
ကမ္ဘောဒီးယားပြည်သူ တစ်သန်းနီးပါးကို သတ်ခဲ့သော ခမာနီပိုပေါ့အစိုးရ၊ ၂၀၀၇
ခုနှစ်က ပြည်သူများ စားဝတ်နေရေး ပြေလည်ဖို့အတွက် မေတ္တာသုတ်ရွတ်သော
သံဃာတော်များကို ရက်စက်စွာသတ်မိန့်ပေးခဲ့ သော
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် စစ်တပ်အစိုးရအဖွဲ့များသည်
မက္ခိယဗယ်လီ၏၀ါဒကို လက်တွေ့ကျင့်သုံးခဲ့ ကြသူများဖြစ်သည်။ ယခုလည်း တင့်ဝေသည်
လက်ရှိ အနေအစားအဆင်ပြေသည်ကို ကြည့်ပြီး သူ့လုပ်ရပ်မှန် ကန်သည်ဟု
ဆုံးဖြတ်ခြင်းမှာ မက္ခိယဗယ်လီ၏ နည်းဟုပင် ဆိုရပေလိမ့်မည်။
များသောအားဖြင့်
ပုထုဇဉ်များသည် အတ္တဆန်ကြ၏။ “ ငါ ” ကိုရှေ့တန်းတင်ကြ၏။ အပြစ်ရှိသူသည် “
ငါဖြစ် နေလျှင် လျှော့ပေါ့မြင်တတ်ကြ၏။ အပြစ်ရှိသူသည် သူတစ်ပါးဖြစ်လျှင်ကား
နှစ်ဆတိုးမြင်တတ်ကြ၏။ ထို့ကြောင့် တင့်ဝေသည် သူဘာသာပြောင်းသည်ကို
အပြစ်မမြင်နိုင်၊ တခြားဗုဒ္ဓဘာသာဝင်များ သူကဲ့သို့ အခွင့် အရေးရလျှင်
သူကဲ့သို့ပင် ဘာသာပြောင်းကြမည်ဟု တစ်ထစ်ချယုံကြည်ထားသည်။
ကိုယ့်စိတ်နှင့်နှိုင်းတတ် ခြင်းမှာ ပုထုဇဉ်၏ သဘာဝပင်ဖြစ်၏။
ခိုးတတ်သောသူသည်
သူတစ်ပါးကိုလည်း ခိုးတတ်မည်ဟု ထင်နေတတ်သည်။ လိမ်တတ်သောသူ သည်
သူတစ်ပါးကိုလည်း လိမ်တတ်မည်ဟု ထင်နေတတ်သည်။ ရိုးသားသောသူသည်
သူတစ်ပါးကိုလည်း ရိုး သားမည်ဟု ထင်နေတတ်သည်။ ဘာသာတရားကို တန်ဖိုးမထားသူသည်
သူတစ်ပါးကိုလည်း တန်ဖိုးထားမည် မဟုတ်ဟု ထင်နေတတ်သည်။ ထို့ကြောင့်လည်း
တင့်ဝေသည် လှလှကို ယခုကဲ့သို့ ပြန်ပြောလိုက်သည်။
“ နင်သာ ဘာသာခြားနဲ့ရရင် ငါ့လို မဖြစ်ပါစေနဲ့”
“ နင့်လိုတော့ ဘယ်တော့မှမဖြစ်စေရဘူး၊ နင်နဲ့ ဆန့်ကျင်ဘက်ပဲ ဖြစ်စေရမယ်”
... ... ... ... ...
ဘာသာခြားတစ်ယောက်ဖြစ်သော
ကိုကို ချစ်ရေးဆိုတော့ လှလှ အလွယ်တကူ လက်ခံလိုက်သည်။ လ အတော်ကြာသည်အထိ
လေ့လာကြည့်သောအခါ သူ့အပေါ်တကယ် မေတ္တာရှိကြောင်းသိသည့်အတွက်
လက်ထပ်ဖို့ဆုံးဖြတ်လိုက်သည်။ ကိုကိုက ကြိုက်သည့်ဘာသာ ကိုးကွယ်ကြစတမ်းဟူသော
ကတိစကားကို ယုံ သည့်အတွက်ကြောင့်လည်း လက်ထပ်ရဲခြင်းဆိုလျှင် မမှားချေ။
သည့်ထက်
အဓိကကျသောအချက်ကား “ နင်သာ ဘာသာခြားနဲ့ရရင် ငါ့လိုမဖြစ်ပါစေနဲ့”ဟူသော
စကားကို လက်တွေ့ ချေဖျက်ပြချင်သောကြောင့်ဟုဆိုလျှင် ပိုမှန်မည်ထင်သည်။
တင့်ဝေကဲ့သို့ ဗုဒ္ဓဘာသာကို ခြံမြေတစ်ကွက်လောက်မှ တန်ဖိုးမထားသူ
မြန်မာများရှိသကဲ့သို့၊ မိမိကဲ့သို့ ဗုဒ္ဓဘာသာကို အသက်ထက်တန်ဖိုး ထားသူ
မြန်မာများလည်းရှိသေးကြောင်း ဘာသာခြား အသိုင်းအ၀ိုင်းကို သိစေချင်သည်။
ဘုန်းကြီးကျောင်းတွင်
မင်္ဂလာဆွမ်းကပ်ကာ လက်ထပ်အခမ်းအနားကိုလုပ်လိုက်သည်။ ကိုကိုက ဗုဒ္ဓ
ဘာသာထဲမ၀င်သောကြောင့် လှလှကို မိဘများက အမွေပြတ်ကြေငြာလိုက်သည်။ လှလှ
ဘာသာခြားထဲ မ၀င် သည့်အတွက် ကိုကိုလည်း သူ့အိမ်ပေါ်တွင် ဆက်နေခွင့်မရတော့ဘဲ
အိမ်ငှားနေရတော့သည်။
ကိုကိုက
ကားဘော်ဒီရုံမှ အလုပ်သမားတစ်ယောက် ဖြစ်သည်။ ဘာသာခြားချုပ်က ကိုကိုအား ဖိအား
ပေးလာကြသည်။ လှလှကို ဘာသာခြားထဲ ၀င်အောင်လုပ်ပါ။ ကိုယ်ပိုင်ကားဘော်ဒီရုံ
တည်ထောင်ပေးမည်ဟု မက်လုံးပေးသည်။ ထို့ကြောင့် ကိုကိုက လှလှကို
စည်းရုံးကြည့်သည်။
“ လှလှ၊ ကိုကို အဆင်ပြေစရာ လမ်းစတစ်ခု တွေ့တယ်”
“ ဘယ်လိုလမ်းစလဲ”
“ လှလှ
ဘာသာခြားထဲဝင်ရင် ကိုယ်ပိုင်ကားဘော်ဒီရုံ တစ်ရုံတည်ထောင်ပေးမယ်တဲ့။
ဝင်လိုက်ပါလား ကွယ်။ ကိုယ်တို့ အခု တအားဆင်းရဲနေတယ်လေ။ အိမ်ငှားခတောင်
မနည်းနပ်မှန်အောင် ကြိုးစားနေရတာ မဟုတ်လား”
“ တစ်ဘ၀ တစ်နပ်စာချမ်းသာပြီး သံသရာတစ်လျှောက် ဆင်းရဲမယ့်အလုပ်မျိုး လုပ်လောက်အောင် ကျွန်မ အသိဉာဏ်မဆင်းရဲသေးဘူး ကိုကို”
“ မင်းစကားကြီးကလည်းကွာ၊ ဘာသာဝင်တစ်ယောက်ဖြစ်တာနဲ့ပဲ ငရဲချည်းကျရမလိုလို ဖြစ်နေပြီ”
“ အားလုံးကိုတော့ မဆိုလိုပါဘူး။ ဒါပေမယ့် နွားကိုလည်လှီးသတ်တဲ့ သူတွေကတော့ ငရဲကျဖို့ရာ ကိုးဆယ်ရာခိုင်နှုန်း သေချာပါတယ်”
“ မင်းက ဘယ်အထောက်အထားတွေအရ ပြောနေတာလဲ”
“
ကျမ်းဂန်အထောက်အထားတွေအရ ပြောနေရင် ဘုရားချင်းမတူတဲ့အတွက် အယူအဆချင်းလည်း
တူမှာမဟုတ်ဘူး။ မြန်မာတစ်ဂဏန်း (၁) ရဲ့ အရပ်လေးမျက်နှာမှာရှိတဲ့
လူလေးယောက်ဟာ အမြင်တစ်မျိုးစီ မြင်ကြတယ်။ တစ် (၁) လို့မြင်တဲ့လူ၊ “ င ”
လို့မြင်တဲ့လူ၊ “ ပစောက် ” လို့မြင်တဲ့လူ၊ ရှစ် (၈) လို့မြင်တဲ့လူ လေး
မျိုးဖြစ်လာတယ်။ ကိုယ့်ဘက်ကကြည့်ရင်တော့ မှန်တာပဲ။ သူတစ်ပါးဘက်က ကြည့်မှသာ
မှားတာပါ”
“
ဒါကြောင့် ဘာသာဆိုတဲ့ အရေခွံကို ခွာချပြီး သဘာဝနဲ့ကြည့်ကြရအောင်။
သံပရာသီးကိုစားရင် ဘယ်ဘာသာဝင်စားစား ချဉ်ပါတယ်။ ချဉ်တာဟာ
သဘာဝတရားဖြစ်တဲ့အတွက် ဘယ်ဘာသာဝင်စားစား ချဉ် တဲ့သဘောက ဘယ်တော့မှ
ဖောက်ပြန်သွားမှာ မဟုတ်ပါဘူး။ ဒီလိုပဲ သူတစ်ပါးအသတ်ကို သတ်တဲ့သူတွေ
ဖြစ်ရာဘ၀မှာ အသတ်တိုတယ်၊ အနာရောဂါများတယ်ဆိုတာ သဘာဝတရားပါ”
“ ဘယ်ဘာသာက
ဘုရားကမှ ဖန်ဆင်ထားတာမဟုတ်ပါဘူး။ ဒါကြောင့် ဘယ်ဘာသာဝင်ကပဲသတ် သတ်၊
သတ်တဲ့သူတိုင်း ဖြစ်ရာဘ၀မှာ အသတ်တိုခြင်း၊ အနာရောဂါများခြင်းဆိုတဲ့
ဆိုးကျိုးတွေကို ခံစားရမှာ ပါ။ သကြားကို ဘယ်ဘာသာဝင်စားစား ချိုပါတယ်။
ချိုတာဟာ သဘာဝတရားဖြစ်တဲ့အတွက် ဘာသာပြောင်း သွားလည်း ချိုတဲ့သဘာဝက
ပြောင်းမသွားပါဘူး”
“ ဒီလိုပဲ
သူ့အသတ်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရင်၊ သူတစ်ပါးအသက်ရှည်အောင် ဆေးဝါးကုသလှူ
ဒါန်းမယ်ဆိုရင် ဖြစ်ရာဘ၀မှာ အသက်ရှည်ခြင်း၊ အနာရောဂါကင်းခြင်းဆိုတဲ့
ကောင်းကျိုးတွေကို ဘယ်ဘာသာ ၀င်မဆို ရရှိမှာပါ။ ဘာကြောင့်လဲဆိုရင်
ဒီကောင်းကျိုးတွေဟာ ဘုရားတစ်ဆူဆူက ဖန်ဆင်းထားတာမဟုတ်ဘဲ သဘာဝကပေးတဲ့အတွက်
ဖြစ်လို့ပါပဲ”
လှလှရှင်းပြသည်မှာ
သဘာဝကျနေသဖြင့် ကိုကို ဘာမှပြန်မချေပနိုင်ချေ။ သို့သော် မနာလိုခြင်းနှင့်
ဝန် တိုခြင်းဓာတ်ခံရှိသော ပုထုဇဉ်အများစုသည် သူတစ်ပါး၏
မြင့်မိုရ်တောင်လောက်ရှိသော ကောင်းကွက်ကိုမမြင် တတ်ကြဘဲ၊
ဇီးစေ့လောက်သာရှိသော မကောင်းကွက်ကို မြင်တတ်ကြသည်မှာ သဘာဝလိုဖြစ်နေ၏။
ထိုမနာ လိုခြင်းနှင့် ၀န်တိုခြင်းရှိသောကြောင့် ပုထုဇဉ်အများစုသည်
စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနေချင်ပါလျက် စိတ် ဆင်းရဲ၊
ကိုယ်ဆင်းရဲနေရခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ကိုကို၏ တုန့်ပြန်ပုံကို
ကြည့်ပါ။
“ ဒါပေမယ့်၊ မင်းတို့ဗုဒ္ဓဘာသာမှာလည်း သဘာဝကျတာထက် သဘာဝမကျတာက ပိုများပါတယ်”
“ ကိုကိုက ဘာတွေများ တွေ့ဖူးလို့လဲ”
“ လမ်းခင်းတဲ့ အုတ်ခဲမျိုးတွေကို စေတီလုပ်ပြီး ရှိခိုးနေတာ သဘာဝကျပါ့မလား”
“
ဗိုလ်ချုပ်အောင်ဆန်း၊ အမေရိကန်သမ္မတကြီးလင်ကွန်း၊ ဟိုချီမင်းကစပြီး
နိုင်ငံ့ခေါင်းဆောင်ကြီးတွေ ရဲ့ ရုပ်ထုတွေကိုလည်း အုတ်တွေ၊ အင်္ဂတေတွေ၊
ကြေးတွေ၊ ကျောက်တွေနဲ့ ထုလုပ်ကြတာပါပဲ။ ဒီရုပ်ထုတွေ ထုလုပ်တဲ့ အုတ်တွေ၊
အင်္ဂတေတွေ၊ ကြေးတွေ၊ ကျောက်တွေဟာ လမ်းတွေ၊ လှေကားထစ်တွေမှာလည်း သုံး တာပါပဲ”
“
ဆိုလိုတာက အုတ်တွေ၊ ကျောက်တွေကို အရိုအသေပေးကြတာ မဟုတ်ဘူး။
အဲဒီခေါင်းဆောင်တွေ ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ ဂုဏ်တွေကို
အရိုအသေပေးကြတာပါ။ ဒီခေါင်းဆောင်ကြီးတွေက ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံက
ပြည်သူတွေအတွက်သာ အနစ်နာခံခဲ့တာပါ။ ဗုဒ္ဓဘုရားရှင်ကတော့ (၃၁) ဘုံလုံးက
လူနတ်ဗြဟ္မာ အားလုံးအတွက် ကိုယ်ကျိုးစွန့်၊ အနစ်နာခံခဲ့တာပါ”
“
ဒါကြောင့် ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို ရည်မှန်းပြီး အထိမ်းအမှတ်အနေနဲ့
ရုပ်ပွားတွေ၊ စေတီတွေ တည်ကြတာပါ။ ကိုကို ပြောသလို
စကားကပ်ပြောကြစတမ်းဆိုလျှင် ကျွန်မရယ်၊ ကိုကို့နှမရယ်၊ ကိုကို့အမေ ရယ်
မိန်းမချင်းအတူတူပါပဲ။ ကိုကို့နှမနဲ့ အမေကို မယားအဖြစ်ပေါင်းသင်းရဲလို့လား”
“ ဟာ ကြည့်စမ်း၊ မင်း ငါ့အမေနဲ့ နှမကို စော်ကားတာပေါ့ ကဲကွာ”
“ ဖြန်း…”
“ ၀ုန်း…”
နားအုံကို
လက်ပြန်ရိုက်ချက်က ပြင်းထန်လွန်းသဖြင့် လှလှတစ်ယောက် ထိုင်နေရာမှ
ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ အနုနည်းဖြင့် စည်းရုံး၍မရလျှင်
အကြမ်းနည်းဖြင့် စည်းရုံးမည်ဟု ဆုံးဖြတ်ထားသော ကိုကိုက လဲကျနေသော လှလှကို
နောက်ထပ်ဆက်ရိုက်ရန် အနားသို့တိုးကပ်လာသည်။
သည်လောက်ရိုက်လိုက်လျှင် လှလှတစ်ယောက် လန့်သွားပြီး ကြောက်ပါပြီကိုကိုရဲ့ နောက်မပြော တော့ပါဘူးဟု ထအော်မည်ဟု ကိုကိုက ထင်ထားသည်။
လူဆိုသည်က
ကြောက်မှန်းသိလျှင် ဖြဲခြောက်ချင်သော စိတ်ဓာတ်ရှိတတ်ကြသည် မဟုတ်ပါလော။
လှလှ၏ညာလက် သူ့ခါးအောက်ရောက်နေသည်ကိုတော့ ကိုကိုသတိထားမိသည်။
သူ့ခါးနာသွားလို့ ပွတ်တာ နေမှာပါဟု ထင်လိုက်ပြီး နောက်တစ်ချက်ဆက်ရိုက်ရန်
လက်ကိုလွှဲလိုက်စဉ် လှလှ၏ညာဘက်လက်သည် ရှေ့ သို့ပြန်ထွက်လာသည်။
လက်ထဲတွင်
အရောက်လက်နေသော ဓါးမြှောင်တစ်လက်ပါလာသည်။ ကိုကိုလန့်သွားသည်။ ရိုက်
မည့်လက်ကို အောက်သို့ပြန်ချလိုက်သည်။ အတွင်းစိတ်က အသက်အန္တရာယ်အနံ့ကို
သိသွားဟန်တူသည်။ ထပ်ရိုက်ဖို့ ထိုင်နေရာမှ
ချက်ချင်းမတ်တပ်ရင်းပြီးသားဖြစ်သွားသည်။ သူမတ်တပ်ရပ်အပြီးတွင် လှလှကလည်း
တစ်ပြိုင်နက် လူးလဲထရပ်ကာ ကိုကို၏၀မ်းဗိုက်ဆီသို့ ဓားမြှောင်ကိုစုံကိုင်ကာ
ပစ်သွင်းလိုက်သည်။
သို့သော်
ဓားကို သတိထားမိသွားပြီဖြစ်သော ကိုကိုက နောက်သို့ “ အား” ခနဲအော်ကာ
ခုန်ဆုတ်လိုက် သဖြင့် ထိချက်ကလွဲသွားသည်။ ကိုကို တုန်တုန်ရီရီဖြစ်သွားကာ
နောက်သို့ဆုတ်ရင်း အိမ်နံရံအထိရောက်သွား သည်။ ကျားသစ်မတစ်ကောင်ကဲ့သို့
ဒေါသမာန်ဖီနေသော လှလှက ဓားမြှောင်ကိုကိုင်ရင်း ကိုကို့ဆီသို့ တစ်
လှမ်းချင်းတိုးလာသည်။
“ လှလှ၊ လှလှ…တကယ်မထိုးပါနဲ့၊ ငါနင့်ကို တကယ်ရိုက်ချင်လို့ မဟုတ်ပါဘူး။ ကြောက်သွားအောင် ခြောက်တဲ့သဘောပါ”
“
ကျွန်မတို့ မြန်မာတွေက ရှင်တို့ကုလားတွေကို ဘယ်တုန်းကကြောက်ဖူးလို့
ကျွန်မကို လာခြောက်နေ ရတာလဲ။ တကယ်ဆိုရင် ရှင်က ကျွန်မကို စ
ရိုက်ရမှာမဟုတ်ဘူး၊ ကျွန်မက ရှင်ကို “ စ ” ရိုက်ရမှာ”
“ ဘာဖြစ်လို့လဲ”
“
ဘာဖြစ်လို့ရမှာလဲ၊ ရှင်က ကျွန်မတို့ ကိုးကွယ်တဲ့ဘုရားရှင်ကို
လမ်းခင်းတဲ့အုတ်နဲ့နှိုင်းပြီး ပြောတာ ဟာ ဗုဒ္ဓဘာသာကို အကြီးအကျယ်
စော်ကားတာပဲပေါ့။ သံသရာတစ်လျှောက် ကျေးဇူးရှင်ဖြစ်တဲ့ ကျွန်မတို့
ဘုရားရှင်ကို စော်ကားတာတောင် ကျွန်မကသည်းခံပြီး ရှင်သဘောပေါက်အောင်
ဥပမာပေးပြီး ပြန်ရှင်းပြခဲ့ တယ်။ ရှင့်အလှည့်ကျတော့ တစ်ဘ၀ကျေးဇူးရှင်အမေကို
ထိတယ်ဆိုပြီး ကျွန်မကိုထရိုက်တယ်”
“ ရန်ကို
ရန်ချင်း တုန့်နှင်းရတာ လွယ်တယ်။ သည်းခံရတာ ခဲယဉ်းတယ်။ လွယ်တဲ့အလုပ်ကို
လုပ်တဲ့ သူက အပါယ်ကျတယ်။ ခက်တဲ့အလုပ်ကို လုပ်တဲ့သူက နိဗ္ဗာန်ရောက်တယ်။ ရှင်က
လွယ်တဲ့အလုပ်ကိုလုပ် တာ။ ကျွန်မက ခက်တဲ့အလုပ်ကိုလုပ်တာ၊
နောက်တစ်ခါရှင်လည်း မှတ်ထားပါ။ ဘာသာရေးနဲ့ပတ်သက်လာ ရင် ကျွန်မကို
အနုနည်းနဲ့စည်းရုံးပါ။ အကြမ်းနည်းနဲ့တော့ ဘယ်တော့မှ မစည်းရုံးနဲ့”
“
ရှင်တို့…ဘာသာနဲ့ အနှစ်သာရတွေကို သေချာပြောပြပါ။ မုတ်ဆိတ် ဓမ္မဆရာတွေ
ခေါ်လာပြီး ဟော ခိုင်းပါ။ ကျွန်မကြိုက်ရင် တစ်ခါတည်းဝင်လိုက်မယ်။ ရှင်လည်း
ကျွန်မတို့ ဗုဒ္ဓဘာသာတရားခွေတွေ၊ စာအုပ် တွေကို နာကြည့်၊ ဖတ်ကြည့်ပါ။
အနှစ်အသားရှိတယ်လို့ ယူဆရင် ၀င်ပေါ့။ အနှစ်မရှိဘူးလို့ ယူဆရင် မ၀င်ဘဲ
နေနိုင်တယ်”
“
ကာမဂုဏ်ရယ်၊ ငွေရယ်၊ နှိပ်စက်မှုရယ် ဒီသုံးခုသုံးလိုက်ရင် မြန်မာမတွေ
…..ဘာသာထဲ ကားကနဲ ၀င်လာတာပါဆိုတဲ့ မြန်မာမတွေထဲမှာ ကျွန်မ မပါဘူးဆိုတာ
ရှင်တစ်သက်လုံးမှတ်ထားပါ”
“ အေးပါ…အေးပါ၊ နောက်ကို ငါ အကြမ်းမလုပ်တော့ပါဘူး”
“မှန်ကန်သူက ရဲရင့်စမြဲပင် မဟုတ်ပါလော။ မှန်ကန်သောလှလှက ရဲရင့်သူဖြစ်သွားပြီး မမှန်သော ကိုကိုက ကြောက်ရွံ့သူဖြစ်သွားရလေပြီ။
ကိုကိုနှင့်လှလှကား
အရင်တုန်းက မြိုင်ကြီးငူဆရာတော်ကဲ့သို့ ဒုက္ခရောက်ရလေပြီ။ မြိုင်ကြီးငူဆရာ
တော်သည် ကရင်လူမျိုးဖြစ်သည်။ ထို့ကြောင့် ဗိုလ်မြ ဦးဆောင်လာသော
ကေအင်ယူအဖွဲ့နှင့် ရင်းနှီးသည်။ သို့ သော် မြိုင်ကြီးငူဆရာတော်သည် ဗုဒ္ဓဘာသာ
ရဟန်းတော်တစ်ပါးဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာစစ်တပ် ခေါင်းဆောင်များနှင့်
ဘာသာရေးအဆက်အဆံရှိသည်။
ခက်သည်က
ဗိုလ်မြသည် ကရင်ဖြစ်သော်လည်း ခရစ်ယာန်ဘာသာဝင်ဖြစ်နေသည်။ ကေအင်ယူနှင့်
မြန်မာစစ်တပ်က မကြာခဏတိုက်ပွဲဖြစ်နေကြသည်မှာ
နှစ်ခြောက်ဆယ်ကျော်ခဲ့ပြီဖြစ်သည်။ တစ်ခါတစ်ရံ စစ်တပ်က အနိုင်ရသွားသောအခါ
ဗိုလ်မြက ဒီဘုန်းကြီး စေတီတွေတည်တာ၊ ငါတို့စခန်းကို စစ်တပ်က ဗုံးချလို့
လွယ်အောင်လမ်းပြပေးတာ။ စစ်တပ်ကလူဟု စွပ်စွဲသည်။ တစ်ခါတစ်ရံ ကေအင်ယူက
စစ်တပ်ကိုအနိုင်ရသွား သည်။
ထိုအခါ
စစ်ခေါင်းဆောင်များက ဒီဘုန်းကြီး စစ်တပ်က အချက်အလက်တွေကို ကေအင်ယူတွေ သွား
ပေးတာဖြစ်ရမယ်။ သူပုန်ဘုန်းကြီးဟု စွပ်စွဲပြီး ရန်လုပ်ကြသည်။
ဗိုလ်မြဆိုလျှင် ဆရာတော်တည်ထားသော စေ တီများကို စစ်တပ်လမ်းပြဖြစ်သည်ဆိုကာ
အမြောက်နှင့်ပစ်၍ ဖြိုချပစ်ခဲ့သည်။ ထိုအကုသိုလ်ကံ အကျိုးပေး ကြောင့်
ဗုဒ္ဓဘာသာကရင်များက ဒီကေဘီအေဟူသော အမည်ဖြင့် ကေအင်ယူမှခွဲထွက်ပြီး
ပြန်တိုက်တော့ သည်။
ထို့ကြောင့်
စုစည်းနေသော ကေအင်ယူအဖွဲ့ကြီး ပြိုကွဲပျက်စီးသွားတော့သည်။
တိုက်ဆိုင်စွာပင် အာဖဂန်စနစ္စတန်နိုင်ငံ၊ ဘာမီယန်မြို့မှ
ပေတစ်ရာနီးပါးခန့်ရှိ ကျောက်ဆင်းတုဗုဒ္ဓရုပ်ပွားတော်ကြီးနှစ်ဆူကို တာ
လီဘန်မွတ်စလင် အစွန်းရောက်သူပုန်များက ဒိုင်းနမိုက်များခွဲ၍ ဖြိုချဖျက်ဆီး
လမ်းခင်းပစ်လိုက်ကြသည်။
ထိုအကုသိုလ်
အကျိုးဆက်ကြောင့် တာလီဘန်သူဘုန်များသည် အမေရိကန်တပ်သားများ၏ ပစ်သတ်
ခြင်းကို ခံကြရသည်။ ထိုအချိန်က အစိုးရဖြစ်ခဲ့သော တာလီဘန်များသည် ယခုအခါ
ဓားပြသူပုန်ဘ၀ဖြင့် လမ်း ဘေးရောက်သွားကြလေပြီ။ ဘာဖဂန်နစ္စတန်နိုင်ငံသည်
ယခင်က ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်။ ကိုကိုနှင့်လှလှ သည်
မြိုင်ကြီးငူဆရာတော်ကဲ့သို့ပင် နှစ်ဖက်မိဘ၏ စွန့်ပစ်ခြင်း ခံကြရသည်။
ကိုကို၏မိဘများက လှလှ…..ဘာသာထဲ မ၀င်သောကြောင့် စွန့်ပစ်ကြသည်။ လှလှမိဘများက
ကိုကို ဗုဒ္ဓဘာသာထဲမ၀င်သော ကြောင့် စွန့်ပစ်ကြသည်။
….ဘာသာဝင်
အလုပ်ရှင်များက ကိုကို့ကို ဒဏ်ခတ်သောအားဖြင့် အလုပ်ဖြုတ်လိုက်ကြသည်။ ကိုကို
အလုပ်လက်မဲ့ဖြစ်သောအခါ သူတို့နှစ်ယောက် စားဝတ်နေရေး ကျပ်တည်းလာသည်။
ဆန်ပြုတ်သောက်ရသော ရက်များပင်ရှိလာသည်။ ၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာ (၂)
ရက်နေ့ပင်ဖြစ်၏။ မုတ်ဆိတ်ဓမ္မဆရာကြီးသုံးဦးနှင့် ….ဘာသာ သူဌေးနှစ်ယောက်တို့
လှလှတို့အိမ်သို့ လက်ဆွဲအိတ်ကြီးတစ်လုံးနှင့် ရောက်လာသည်။
“ ကိုကိုနှင့်လှလှ ဆင်းရဲနေတာကို မကြည့်ရက်လို့ ….ဘာသာအဖွဲ့ချုပ်က သိန်းငါးဆယ် လာထောက် ပံ့တာပါ။ ဒီငွေတွေနဲ့ ရင်းနှီးစားသောက်ကြပါ”
“
ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေ ပေးလှူတဲ့အခါ ဘာသာ၊ လူမျိုးမခွဲခြားပါဘူး။
သီတဂူဆရာတော်ကြီး ဆိုရင် ပြည်နယ်နဲ့တိုင်းအားလုံးမှာ
မျက်စိဆေးရုံတွေဆောက်လုပ်ပြီး လူမျိုးမရွေး ဘာသာမရွေး မျက်စိခွဲပေးပါ တယ်။
မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော်ဆိုရင် တက္ကသိုလ်ဆက်မတက်နိုင်တဲ့
ကျောင်းသားတွေကို ပညာ သင်စရိတ် ထောက်ပံ့လှူဒါန်းနေတာ
အယောက်သုံးရာကျော်ပါတယ်”
“
အဲဒီသုံးရာကျော်ထဲမှာ ဘာသာမျိုးစုံပါပါတယ်။ ဒီလို ထောက်ပံ့ကူညီတဲ့အတွက်၊
ဒီလိုမျက်စိခွဲပေးတဲ့ အတွက် ဘယ်ဘာသာခြားကိုမှ ဗုဒ္ဓဘာသာထဲဝင်ဖို့
မစည်းရုံးခဲ့ပါဘူး။ အကူအညီတစ်ခုခုပေးပြီး မိမိဘာသာထဲ ကို
အတင်းသွင်းတဲ့အလုပ်ဟာ ရေနစ်နေတဲ့လူကို အသက်ကယ်ပြီးမှ အခကြေးငွေတောင်းခံတဲ့
အလုပ်ထက်ပို ပြီး အောက်တန်းကျတဲ့အလုပ်လို့ ခံယူထားတဲ့အတွက်
ဗုဒ္ဓဘာသာဝင်တိုင်းဟာ လူမျိုးမရွေး၊ ဘာသာမရွေး အကူအညီပေးပါတယ်။ ဒါပေမယ့်
ဒီလိုကူညီတဲ့အတွက် ဗုဒ္ဓဘာသာထဲဝင်ဖို့ ဘယ်တော့မှမစည်းရုံးပါဘူး”
“ ဦးလေးတို့….ဘာသာကရော၊ ဘယ်လိုပုံစံမျိုးနဲ့ ကူညီတာလဲ။ ဒီအကူအညီကို ယူတဲ့အတွက် ကျွန်မ က အစ္စလာမ်ဘာသာထဲဝင်ပေးဖို့ လိုသေးသလား”
မုတ်ဆိတ်ဓမ္မဆရာများ
ကွက်ကနဲ မသိမသာမျက်နှာပျက်သွားသည်ကို လှလှ သတိထားလိုက်မိသည်။ ငယ်ငယ်ကတည်းက
တရားများများနာခဲ့ခြင်း၊ စာအုပ်များများဖတ်ခဲ့ခြင်း အကျိုးများကို
ယခုလက်တွေ့ ခံစား ရလေပြီ။ တကယ့်ဗုဒ္ဓဘာသာဝင်တစ်ယောက်ကို
မိရိုးဖလာဗုဒ္ဓဘာသာဝင် တစ်ယောက်ထင်ပြီး လာစည်းရုံးနေ ကြသည်မှာ
သနားစရာကောင်းလှ၏။
မုတ်ဆိတ်ဓမ္မဆရာတစ်ယောက်က လေအေးလေးနှင့် ထပြောသည်။ မျက်နှာတော့မကောင်း။
“
ကျွန်တော်တို့ .....ဘာသာမှာ တခြားဘာသာဝင်တွေကို မထောက်ပံ့ဖို့
တားမြစ်ထားပါတယ်။ ဒါကြောင့် လှလှအနေနဲ့ …..ဘာသာထဲကိုဝင်ပေးဖို့ လိုပါတယ်”
“
ကိုယ့်ဘာသာကိုပဲ ထောက်ပံ့ရမယ်၊ တခြားဘာသာဝင်တွေကို မထောက်ပံ့ရဘူးဆိုတဲ့
ကျဉ်းမြောင်း တဲ့၊ အတ္တဆန်တဲ့မေတ္တာဟာ ဘုရားဆိုတဲ့ဂုဏ်နဲ့ မထိုက်တန်ပါဘူး။
ကိုယ့်ဘာသာဝင်၊ ကိုယ့်ဂိုဏ်းဝင်တွေ ချမ်း သာဖို့လောက် မေတ္တာကတော့ ဂျပန်က
ဆာကူရာလူဆိုးဂိုဏ်း ခေါင်းဆောင်လည်း ထားနိုင်တာပါပဲ”
“
ကျွန်တော်တို့ဘာသာမှာက …..ကျမ်းမှာ ဟောထားတာတွေကို မယုံမကြည်သလိုနဲ့
ဝေဖန်ဆန်းစစ် ခွင့်မရှိပါဘူး။ ကျမ်းမှာပြထားတဲ့အတိုင်း တစ်သွေမတိမ်း
လိုက်နာရပါတယ်။ …..ဘာသာထဲကိုဝင်မှ ဒီငွေကိုပေး လို့ရမှာပါ။
ဒါကြောင့်…..ဘာသာထဲကို ၀င်ခိုင်းနေတာပါ”
“ ဒါဆိုရင် အပေးအယူတစ်ခုတော့ လုပ်ရမယ်”
“ ဘယ်လို အပေးအယူမျိုးလဲ”
“ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ရှင်တို့သိချင်တာရှိရင် ကျွန်မကို ရှင်တို့စိတ်ကြိုက်မေးနိုင်ပါတယ်။ ဘာများ မေးစရာရှိလဲ အခုပဲမေးပါ”
“ ဘာမှ မေးစရာမရှိပါဘူး”
“ ဒါဆိုရင်
ကျွန်မက ရှင်တို့ …..ဘာသာနဲ့ပတ်သက်ပြီး မေးခွန်းသုံးခုမေးမယ်။
ကျွန်မစိတ်ကျေနပ် အောင် တိတိကျကျဖြေပေးနိုင်ရင် တစ်ပြားတစ်ချပ်မှမယူဘဲ
….ဘာသာထဲကို ခြေစုံပစ်ဝင်ပါ့မယ်။ ၀င်တာမှ ရိုး ရိုးမဟုတ်ဘူး၊
…..ဘာသာဝင်အားလုံးအတွက် ကျွန်ခံပြီးမှ ၀င်မှာပါ”
“ ဒါဆိုလည်း မေးပါ”
“ ဒီလိုမေးတဲ့အတွက် ဘာသာရေးပဋိပက္ခ မဖြစ်စေရပါဘူး ဆိုတာကိုလည်း ကတိပေးပါ”
“ ပေးပါတယ်”
ရှင်တို့ဘုရားရဲ့ မိခင်၊ ဖခင် အမည်ကို ဘယ်လိုခေါ်သလဲ။
ရှင်တို့ဘုရား အမျိုးအနွယ်က ဘာလဲ။
ရှင်တို့ သောကြာနေတိုင်း သွားသွားပြီး ၀တ်ပြုနေတဲ့ ၀တ်ကျောင်းလိုက်ကာနောက်ထဲမှာ ဘာရှိသလဲ။
အဲဒီ မေးခွန်းတွေကို တိတိကျကျဖြေနိုင်ရင် ပိုက်ဆံတစ်ပြားမှမယူဘဲ …..ဘာသာထဲ ခုချက်ချင်းဝင် မယ်”
“ ဒုန်း…”
အသက်လေးဆယ်ခန့်ရှိသော အသက်အငယ်ဆုံး ဗလီဆရာတစ်ယောက်က အိမ်နံရံပျဉ်ပြားကို လက် သီးနှင့်ထထိုးကာ ရန်တွေ့၏။
“ ခင်ဗျား တော်တော်စော်ကားတာပဲ”
“ကျွန်မ
ရှင်တို့ကို ကတိတောင်းပြီးမှ မေးတာနော်။ ဘာမှ စိတ်ဆိုးရန်တွေ့စရာမလိုဘူး။
အဲဒီမေးခွန်း တွေ ကျွန်မကို ပြန်မေးလို့ရတယ်။ စိတ်မဆိုးတဲ့အပြင်
ကျေးဇူးတင်တဲ့အနေနဲ့ ၀မ်းပန်းတသာပြန်ဖြေလိုက်မယ်”
သို့သော် မုတ်ဆိတ်ဓမ္မဆရာအဖွဲ့သည် စိတ်ဆိုးမာန်ဆိုးဖြင့် ငွေထုတ်ကိုပြန်ယူကာ ထွက်သွားတော့ သည်။
နောက်တစ်နေ့ ဈေးထဲတွင် ထိုသတင်းက စိတ်ဝင်စားစရာအကောင်းဆုံး၊ ပြောချင်စရာအကောင်းဆုံး သတင်းဖြစ်နေသည်။
“ ဟိုကောင်မ လှလှနှယ်၊ အ လိုက်တာ အေ”
“ ဟဲ့ ဘာဖြစ်လို့လဲ”
“သိန်းငါးဆယ်လာပေးတာတောင် …..ဘာသာထဲမ၀င်ဘူးတဲ့။ ဘယ်လောက်မိုက်လုံးကြီးလိုက်သလဲ လို့။ ငါ့သာလာပေးစမ်း၊ ချက်ချင်းဝင်လိုက်မယ်”
“ ဟုတ်တယ်၊
ကျွန်မဆိုလည်း ….ဘာသာထဲ ၀င်လိုက်မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့
သိန်းငါးဆယ်ဆို တာ ကျွန်မတို့တစ်သက်လုံးမှတောင် ရမှာမဟုတ်ဘူးလေ”
“ ညည်းတို့ရတဲ့ သိန်းငါးဆယ်က တစ်ဘ၀တည်းစားရမှာ ကောင်မရဲ့။ သေရင် ငရဲစောက်ထိုးဆင်းရမှာ လည်း ထည့်တွက်ဦး”
“ အဲ ဟုတ်သားပဲ”
“ သိန်းငါးဆယ်လည်း ရအောင်၊ ငရဲလည်းမကျအောင် လုပ်တဲ့နည်းရှိပါတယ်”
သူတော်ကောင်း၏ ကလဲ့စား ( ၂ )
*************************
*************************
အားလုံးက
ထိုအမျိုးသမီးထံ လှမ်းကြည့်ကြသည်။ ဗုဒ္ဓဘာသာဝင်အများစုသည် ဗုဒ္ဓဘာသာအမည်ခံ
ဘာသာမဲ့များသာဖြစ်ကြသည် မဟုတ်ပါလော။ သူတို့သည် ဗုဒ္ဓဘာသာကို
သိန်းငါးဆယ်လောက်ပင် တန်ဖိုးမထားကြချေ။ ငရဲသာမကျဘူးဆိုလျှင်
သိန်းငါးဆယ်ကိုယူပြီး ချက်ချင်း ဘာသာပြောင်းမည့် သူကများ သည်။ ထို့ကြောင့်
ငရဲမကျဘဲ သိန်းငါးဆယ်ရမည့်နည်းလမ်းကို စိတ်ဝင်စားနေကြခြင်းဖြစ်သည်။
“ ဟေ့ကောင်မ၊ သိန်းငါးဆယ်လည်းရ၊ ငရဲလည်းမကျမယ့်နည်းကို မြန်မြန်ပြောလေဟယ်”
“ ဒီလိုလေ၊ သူတို့ရှေ့ကျတော့ …..ဘာသာထဲကို ၀င်လိုက်မယ်လေ။ သူတို့ကွယ်ရာကျတော့ ဗုဒ္ဓဘာ သာကိုပဲ ကိုးကွယ်နေမှာပေါ့”
“ အံမယ်၊ တော်တော်ကောင်းတဲ့အကြံ”
“ ဘယ်က ကောင်းရမှာလဲ”
“ ဘာဖြစ်လို့လဲ အေ့”
“
ဗုဒ္ဓဘာသာကနေ တခြားဘာသာကို ရိုးရိုးသားသားပြောင်းတာက
မိုက်တဲ့အဆင့်လောက်ပဲရှိတယ်။ တခြားဘာသာကို တကယ်မပြောင်းဘဲ
ပြောင်းချင်ယောင်ဆောင်ပြီး ငွေယူတာမျိုးကျတော့ မိုက်ရုံတင်မကဘူး၊
ယုတ်မာကောက်ကျစ်တဲ့အဆင့်ပါ ရောက်သွားပြီ”
သူတစ်ပါးပြောသမျှကို
ငြိမ်ပြီးနားထောင်လျက်ရှိသော မိန်းမတစ်ယောက်သည် ထိုအချိန်ကျမှ တစ်လုံး
ချင်း သေသေချာချာထပြောလိုက်သည်ကို တွေ့ရသည်။
“ ဗုဒ္ဓဘာသာကနေ …..ဘာသာကို ရိုးရိုးပဲပြောင်းပြောင်း၊ မလိမ့်တပတ်နည်းနဲ့ပဲ ပြောင်းပြောင်း၊ ငရဲကျ မှာတော့ သေချာသလောက်ပဲ”
“ဘာသာခြားဖြစ်တာနဲ့ပဲ အပါယ်ကျရတော့မှာလား”
“
ဗုဒ္ဓဘာသာဝင်တွေထက် ကောင်းတဲ့ တခြားဘာသာဝင်တွေ အများကြီးရှိတယ်။
သူတို့သေရင်တော့ ဗုဒ္ဓဘာသာဝင်ထက်မြင့်တဲ့ ဘုံကိုတောင် ရောက်ဦးမှာ။
ဘာသာမြင့်မြတ်ဖို့ထက် စိတ်ဓာတ်မြင့်မြတ်ဖို့က ပိုအရေးကြီးတယ်။ ဘာသာက
ဘယ်လောက်ကောင်းကောင်း စိတ်ဓာတ်နိမ့်ကျပြီရင် နိမ့်ကျတဲ့နေရာကို ရောက်
မှာပဲ”
“
စိတ်ဓာတ်မြင့်မြတ်ပြီး ကောင်းတဲ့ပရဟိတအလုပ်တွေကို တစိုက်မတ်မတ်
လုပ်နေမယ်ဆိုရင် ဘာသာ မဲ့ဖြစ်ပေမယ့် မြင့်မြတ်တဲ့နေရာကိုရောက်မှာပဲ။
…..ဘာသာထဲ တချို့ဝင်သွားတဲ့အခါ စိတ်ဓာတ်နိမ့်ကျတဲ့ …..တွေက ရွှေတိဂုံ၊
မဟာမြတ်မုနိစတဲ့ ဘုရားဓာတ်ပုံတွေအပေါ် ခြေထောက်နဲ့နင်းခိုင်းတတ်ကြတယ်”
“ဒါဟာ စိတ်ဓာတ်နိမ့်ကျတဲ့ သူတွေရဲ့ အလုပ်ပဲ။ ဒါကြောင့် ဒီအလုပ်မျိုး ခိုင်းသူရော၊ လုပ်သူရော နှစ်ဦးလုံးငရဲကို ကျကြမှာပဲ ”
နှိုင်းနှိုင်းချိန်ချိန်ဖြင့် ပြောနေသော ထိုအမျိုးသမီကို အားလုံးက ဝိုင်းဝန်းကြည့်နေကြသည်။
-------------
လှလှတို့
အိမ်ထောင်သက် ဆယ်နှစ်ခန့်အရတွင် သူတို့ဘဝထဲသို့ သားလေးတစ်ယောက်
ဝင်ရောက်လာသည်။ ဆေးရုံတွင် သားဖွားပြီး နောက်တစ်ရက်မှာပင် ကိုကိုတစ်ယောက်
အလုပ်မသွားခင် ဆေးရုံသို့ အရင်ပြေးလာသည်။ အဝေးမှလာနေသော ကိုကို့ကို
မြင်လိုက်သည်နှင့် လှလှ အိပ်ယာပေါ်မှ လူးလဲထကာ အနှီးတစ်ထပ်၊
စောင်တစ်ထပ်ဖြင့် ထွေးထားသော နီတာရဲသားလေးကို ပွေ့ချီလိုက်သည်။
သားလေးကို အခန်းအလယ်ကြမ်းပြင်တွင် ချကာကလေးဘေးတွင် အသင့်ရပ်နေလိုက်သည်။ အခန်းဝမှာ ကိုကိုပေါ်လာသည်နှင့် -
“ ကိုကို ခဏရပ်၊ ရှေ့မတိုးမလာနဲ့ ”
“ ဟင်… ဘာဖြစ်လို့လဲ လှလှ ”
ထမင်းချိုင့်နှင့်
ဓာတ်စာသီးများ မုန့်များထည့်ထားသော ဆွဲခြင်းလေးကို ကိုင်ရင်း
ကိုကိုတစ်ယောက် ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားသည်။ လှလှမျက်နှာကိုသာ
အကြောင်သားစိုက်ကြည့်နေသော ကိုကိုအား လှလှက သူ့ခြေရင်းသို့
လက်ညိုးထိုးပြလိုက်ရာ ကိုကိုတစ်ယောက် “ အား ” ခနဲ မအော်မိအောင် ပါးစပ်ကို
အတင်းချုပ်တည်းလိုက်ရသည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းသည့်
ဤမြင်ကွင်းမျိုးကို ကိုကို့ဘဝ တစ်သက်တာ တစ်ခါမျှ မမြင်ခဲ့ဖူးချေ။
အိပ်မောကျနေသော နီတာရဲသားလေး၏ လည်မျိုပေါ်သို့ လှလှ၏ ညာခြေဖဝါး တစ်ဖက်က ခပ်ဆဆ တင်ထားသည် မဟုတ်ပါလား။
“ လှလှ၊ လှလှ၊ မင်း ကလေးကို ဘာလုပ်မလို့လဲဟင် ”
“ အဲဒါ ရှင့်အပေါ် မူတည်တယ် ”
“ ရှင်
ဒီနေ့က စပြီးတော့ ဗုဒ္ဓဘာသာစာအုပ်တွေကို လေ့လာဖတ်ရှုပါတော့မယ်ဆိုတဲ့
ကတိပေးရင် ဒီကလေး အသက်ရှင်ခွင့်ပေးမယ်။ အဲသလိုမဟုတ်ဘဲ ဗုဒ္ဓဘာသာ
စုအုပ်တွေမဖတ်ဘူး၊ မလေ့လာဘူး ဆိုရင်တော့ ဒီကလေးကို အခုပဲကျွန်မ
နင်းချသတ်လိုက်တော့မယ်”
“ မင်း ဘာဖြစ်လို့ အဲဒီလို ဆုံးဖြတ်ရတာလဲ ”
“
ဒီကလေးကို ရှင်က ရှင်ဘာသာထဲ သွင်းမယ်။ ဒီတော့ သေရင် ဒီကလေးငရဲကျမယ်။
အခုကတည်းက ကျွန်မသတ်လို့ သေသွားရင် ကောင်းရာသုဂတိ ရောက်သွားနိုင်သေးတယ်။
ကျွန်မ လူသတ်မှုနဲ့ ထောင်ကျတာက သားလေးငရဲကျတာနဲ့စာရင် အများကြီးသက်သာပါတယ်။
ကျွန်မ မိခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ ဒီလို ဆုံးဖြတ်လိုက်ရတာပဲ။ ကဲ၊ ကိုကို
ကြိုက်တဲ့အဖြေကို အခုချက်ချင်း ပေးပါ။ ကျွန်မ အချိန်မဆွဲမနေနိုင်ဘူး ”
ကိုကိုတစ်ယောက်
ကြမ်းပြင်ပေါ်သို့ ဒူးညွှတ်လဲကျသွားခဲ့ရသည်။ မျက်နှာမှာလည်း မျက်ရည်တွေ
အရွှဲသားနှင့် လှလှခြေဖဝါးအောက်မှ သူ့ပါးစပ်မှ စကားလုံးတချို့
ထွက်အန်ကျလာသည်။
“ ဗုဒ္ဓဘာသာအကြောင်း စာအုပ်တွေ၊ တရားခွေတွေကို ဖတ်ရှု၊ နာကြား၊ လေ့လာကြည့်ဖို့ ငါ ကတိပေးပါတယ် လှလှရယ် ”
“ ကျေးဇူးတင်ပါတယ် ကိုကို ”
လှလှ
ကြမ်းပြင်ပေါ်မှ သားလေးကို ကောက်ပွေ့ယူပြီးလျှင် ကိုကိုရင်ခွင်ထဲ
သွားထည့်ပေးလိုက်သည်။ ကိုကိုတစ်ယောက် မျက်ရည်များကြားမှ သားလေး၏ပါးကို
အခါခါ နမ်းကြူနေမိသည်။ လှလှက ဘေးဖက်ကနေ၍ ကိုကိုနှင့် ကလေးကိုပါ
သိုင်းဖက်လိုက်ပြီးလျှင် စကား စ” လိုက်သည်။
“ ကိုကို အတွေးပါတဲ့ ပုံပြင်လေးတစ်ပုဒ် ပြောပြမယ်။ နားထောင်မလား ”
“ ပြောပြလေ၊ နားထောင်မှာပေါ့ ”
“ ဟိုး…
ရှေးရှေတုန်းက မြစ်ကြီးတစ်စင်းထဲမှာ ခင်မင်ရင်းနှီးနေကြတဲ့ လိပ်တစ်ကောင်နဲ့
ငါတစ်ကောင် ရှိကြတယ်။ တစ်ခါတော့ လိပ်ဟာ ရေထဲက ရှုခင်းတွေကို ကြည့်ရတာ
ရိုးသွားတဲ့အတွက် မြေပြင်က ရှုခင်းတွေကို ကြည့်ဖို့အတွက် ကုန်းပေါ်တက်သွားတယ်
”
“
ကုန်းပေါ်ကျတော့ အလွန်လှပတဲ့ ရှုမျှော်ခင်းတွေကို မြင်ရတဲ့အခါ
ဝမ်းသာအားရဖြစ်ပြီး ရေထဲက မိတ်ဆွေငါးကို ပြောပြဖို့အတွက်
မြစ်ထဲပြန်ဆင်းသွားတယ်။ မြစ်ထဲရောက်တဲ့အခါ မိတ်ဆွေငါးကို ကုန်းပေါ်က
ရှုခင်းတွေအကြောင်း ပြောပြပြီး ကုန်းပေါ်လိုက်ကြည့်ဖို့ ခေါ်တော့တာပေါ့ ”
“ ဒါပေမဲ့
ဘယ်လိုခေါ်ခေါ် ငါးက ကုန်းပေါ်မှာ လှပတဲ့ရှုခင်းတွေ ရှိတယ်ဆိုတာကို
လုံးဝလက်မခံဘူး၊ လိုက်လည်းမလိုက်ဘူးတဲ့။ နောက်ဆုံးတော့
လိပ်ကလက်လျှော့လိုက်ရတာပေါ့။ အခုလည်း ကိုကိုတို့ … ဘာသာဝင်တွေရဲ့ အဖြစ်က
ရေထဲက ငါးနဲ့တူနေတယ်။ အခု ကိုကိုပဲ ကြည့်လေ ”
“ ကျွန်မက
တတ်နိုင်သမျှ ဘာသာလေးခုလုံးက စာတွေကို ဖတ်တယ်။ ဗုဒ္ဓဘာသာစာပေ တစ်ခုတည်း
ဖတ်တုန်းက ဒီလောက်ကောင်းမှန်း မသိသေးဘူး။ တခြားဘာသာက စာပေတွေကို
လေ့လာကြည့်တော့မှ ဗုဒ္ဓစာပေတွေက ပိုကောင်းမှန်းသိလာတယ်။ လူတစ်ယောက်တည်း
ပြေးနေရင် ဘယ်လောက်မြန်မြန်၊ မြန်မှန်းမသိသာဘူး ”
“
တခြားလူတွေနဲ့ ယှဉ်ပြေးမှ အဲဒီလူက မြန်မှန်းသိသာ လာတဲ့သဘောမျိုးပေါ့။
အခုလည်း ကိုကို့အနေနဲ့ ဗုဒ္ဓစာပေတွေကို လေ့လာကြည့်စေချင်တယ်။ ဒါပေမဲ့
ကြိုက်မှ သဘာဝကျမှ လက်ခံပါ၊ မကြိုက်ရင် သဘာဝမကျရင် ပယ်ပစ်နိုင်ပါတယ် ”
“ တခြားဘာသာက စာပေတွေ၊ တရားတွေကို ဖတ်ရှုလေ့လာရင် အီမန် (ယုံကြည်မှု ပျက်တယ်) ဆိုပြီး တို့…… ဘာသာရေးက တားထားတယ် ”
“ အဲဒါကိုက
အာဏာရှင်စနစ် ဆန်နေတာပေါ့။ ကျွန်မတို့ ဗုဒ္ဓကတော့ ဘယ်တရားတော့ မနာရဘူး၊
ဘယ်စာအုပ်တော့ မဖတ်ရဘူးလို့ တားမြစ်ပိတ်ပင်ထားတာ မရှိဘူး။ တရားမျိုးစုံ
နာခွင့်ပြုတယ်။ ဒါပေမဲ့ မှန်ကန်ရမယ်၊ အပြစ်ကင်းရမယ်၊ ကောင်းကျိုးပေးရမယ်၊
ပညာရှိသူတော်ကောင်းတွေ လက်ခံနိုင်ရမယ် ”
“
ဒီအချက်လေးချက်လောက်နဲ့ ညီရင် လက်ခံကျင့်သုံးခွင်ပြုပါတယ်။ မညီရင်
မပြုပါဘူး။ ကဲ၊ ကိုကို့ကို မေးခွန်းတစ်ခုမေးပါ့မယ်။ ကားဘော်ဒီ
ရိုက်ဖို့အတွက် သံပြားတစ်ချက် သွားဝယ်ပါပြီတဲ့၊ တစ်ဆိုင်ထဲမှာပဲ
ဆိုတဲ့ဈေးပေးပြီး ဝယ်သလား၊ ဒါမှမဟုတ် သုံးလေးဆိုင်လောက် မေးပြီးမှ
ပစ္စည်းလည်းကောင်း၊ ဈေးလည်း သက်သာတဲ့ သံပြားကို ဝယ်သလား ”
“
တစ်ဆိုင်တည်း ဆိုဈေးပေးပြီးဝယ်ရင်၊ ပစ္စည်းကလည်း မကောင်း၊ ဈေးကလည်း
ကြီးနေရင် ကိုယ်ရှုံးမှာပေါ့။ ဒါကြောင့် အနည်းဆုံး သုံးလေးဆိုင်လောက်တော့
မေမြန်း၊ ကြည့်ရှုစစ်ဆေး ရွေးချယ်ပြီး ဝယ်ရတာပေါ့ ”
“
သောင်းဂဏန်းလောက်တန်တဲ့ သံပြားလေးတစ်ချပ် ဝယ်တာတောင် သုံးလေးဆိုင်လောက်မှာ
စစ်ဆေးမေးမြန်း ဝယ်ကြသေးရင်၊ သံသရာတစ်လျှောက်လုံး ကိုးကွယ်ဆည်းကပ်ရမယ့်
ဘာသာရေးကျမှ မရွေးချယ်ဘဲ၊ မဆန်းစစ်ဘဲ မိဘပြောခဲ့တဲ့အတိုင် မျက်စိမှိတ်
ကိုးကွယ်မယ် ဆိုရင်၊ ကိုယ့်အတွက် ဘယ်လောက်ထိ ဆုံးရှုံးလိုက်မလဲဆိုတာ ကိုကို
တစ်ချက်လောက် စဉ်းစားကြည့်ပါလား ”
ကိုကို တွေခနဲဖြစ်သွားပြီး လှလှကို လှမ်းကြည့်သည်။ ပြီးတော့ တစ်လုံးချင်း အေးဆေးစွာ ပြောလာသည်။
“ အေး၊ လှလှ မင်းပြောတာ သဘာဝကျတယ်။ ကိုယ် ဗုဒ္ဓစာပေတွေကို လေ့လာကြည့်တော့မယ် ”
--------------
…ဘာသာထဲ
မယားကို ရအောင်မဆွဲဆောင် နိုင်သောကြောင့် ကိုကို၏ ဘာသာခြားအလုပ်ရှင်များက
ကိုကို့ကို ဖိအားပေးသည့်အနေဖြင့် အလုပ်သိပ်မခိုင်းကြ။ ထို့ကြောင့်
ကိုကိုမှာ အလုပ်ရတစ်ချက်၊ မရတချက်ဖြင့် အတော်ဒုက္ခရောက် နေရရှာသည်။
ထို့ကြောင့် လှလှတို့ ဇာတိမြို့တွင် အိမ်ငှားဖြင့် မနေနိုင်တော့ပေ။ လှလှ၏
မိဘဆွေမျိုးများကလည်း ထောက်ပံ့ကူညီခြင်း မပြုကြချေ။ ထို့ကြောင့် ကိုကို၏
ဆွေမျိုးများ အများဆုံးရှိရာ မင်းဘူးမြို့သို့ ပြောင်းရွှေ့ ခဲ့ရတော့သည်။
ဘာသာခြားများ
ဖြစ်သော်လည်း ကိုကို၏ဆွေမျိုးများက တစ်လတစ်သောင်းငါးထောင် ပေးရသော
အခန်းလေးတစ်ခန်း ငှားပေးသဖြင့် သူတို့မိသားစု လမ်းဘေးမရောက်ကြရခြင်းဖြစ်၍
လှလှ အလွန်ကျေးဇူးတင်မိသည်။ ထိုအချိန်မှစ၍ သူ့သားလေးကိုလည်း ဗုဒ္ဓဘာသာ
ပုံသွင်းရတော့သည်။ ကျောင်းမနေရသေးခင် လေးနှစ်သားကျော်ကျော်
အရွယ်လောက်ကတည်းက သရဏဂုံ၊ ငါးပါးသီလ အနက်အဓိပ္ပါယ် အကျိုးသွားတွေကို
သေသေချာချာ သင်ပေးသည်။
မုန့်မက်သော
အရွယ်ဖြစ်သောကြောင့် မနက်အိပ်ယာထ၊ ညအိပ်ရာဝင် အချိန်များတွင်
ဘုရားရှိခိုးပါက မုန့်ကျွေးသည်။ မရှိခိုးပါက မကျွေးချေ။ ဤသည်ကား ခရစ်ယာန်
သာသနာပြုများ၏ နည်းကို အသုံးပြုထားခြင်း ဖြစ်သည်။
ဘုရားကျောင်းသို့
ရောက်လာကြသော ကလေးငယ်များကို ခရစ်ယာန်သာသနာပြုများက
မုန့်စားချိန်ရောက်လျှင် ဘာသာကြီးလေးခုက ဘုရားလေးဆူပုံတူ
အရုပ်များရှိရာသို့ သွားခိုင်းလိုက်သည်။ ရုပ်တုလေးဆူ၏ နောက်တွင်
ခလုတ်များကို နှိပ်စေသည်။ တခြားဘာသာက ရုပ်တုကို နှိပ်လိုက်သောအခါ
ဘာမျှမထုခြားသော်လည်း ခရစ်တော် ပုံရုပ်တုကို နှိပ်လိုက်သောအခါတွင်ကား
တစ်ခါခလုတ်နှိပ်လျှင် မုန့်တစ်ခု ထွက်လာသည်။
ထို့ကြောင့်
ကလေးငယ်များသည် ဘယ်အခါနှိပ်နှိပ် ခရစ်တော်ပုံမှ ခလုတ်ကိုသာ
နှိပ်ကြတော့သည်။ ခရစ်တော်ကို ဆည်းကပ်မှ မုန့်ရသည်။ တခြားဘုရားတွေ
ဆည်းကပ်လျှင် မုန့်မစားရဟူသော အတွေးသည် ကလေးများ၏ စိတ်ထဲတွင် စွဲသွားသည်။
ပုံပြင်ဟူသည် ကလေးတိုင်း၏ နှလုံးသားဖြစ်သည်။ ပုံပြင်မကြိုက်သော ကလေးဟူ၍
မရှိသလောက်ပင်ဖြစ်သည်။ ယခုပင်ကြည့်ပါ၊ လှလှတစ်ယောက် သားလေးကို
အိပ်ယာဝင်ပုံပြင် ပြောပြလျက်ရှိသည်။
“ ဟိုး…
ရှေးရှေးတုန်းက ပေါ့သားရဲ့။ မန္တလေးတိုင်း၊ တံတားဦးမြို့မှာ ဗလီဒကာကြီး
ဦးယောလို့ အမည်ရတဲ့ သစ်ကုန်သည် သူဌေးကြီးတစ်ယောက်ရှိတယ်။ ဗုဒ္ဓဘာသာမှာ
ကျောင်းဒကာရှိသလို၊ သူတို့အစ္စလာမ်ဘာသာမှာလည်း ဗလီဒကာဆိုတာ ရှိတယ် ”
“ ဒကာဆိုတာ ဘာလဲမေမေ ”
“ ဒကာ
ဆိုတာက ပေးလှူတတ်သူလို့ အဓိပ္ပါယ်ရတယ်။ ဦးယောက မြန်မာပြည်မှာ ဗလီတည်ချင်ရင်
သူ့ကိုသာ အကြောင်းကြားလိုက်၊ လှူလိုက်တာပဲ။ အဲသလောက် ချမ်းသာတယ်။
တစ်နေ့တော့ သူရဲ့တစ်ဦးတည်းသော သမီးလေး ရောဂါတစ်ခုနဲ့ ရုတ်တရက်
ကွယ်လွန်သွားတယ် ”
“
နောက်တော့ အိမ်မှာ မကောင်းဆိုးဝါး ပြိတ္တာ ဖြစ်သွားတယ်။ သူဌေးကြီး
အိပ်ပျော်သွားတဲ့အခါ သမီးက အိပ်မက်လာပေးတယ်။ အိပ်မက်ထဲမှာ သူ့သမီးလေးက
လွင်တီးခေါင် နေပူကြီးထဲရောက်နေတယ်။ ခန္ဓာကိုယ်မှာ အဝတ်အစားလည်းမရှိဘူး။
ပိန်လိုက်တာကလည်း အရိုးပေါ် မရတင်နေတယ်။ သူ့သမီးလေးက သူ့ကိုတွေတော့ ပြောတယ်။
ပါးပါး သမီးကိုကယ်ပါ၊ သမီးမှာ စားစရာ၊ ဝတ်စရာ၊ နေစရာ မရှိဘူး
ဖြစ်နေတယ်တဲ့ ”
“
အဲသလိုပြောပြီး အိပ်မက်ကနေ သူဌေးကြီးလန့်နိုးလာတယ်။ သူဌေးကြီးလည်း
မျက်ရည်တွေကျလာ တာပေါ့။ ဒါနဲ့ပဲ သူတို့ဗလီဆရာတွေ ပင့်ဖိတ်ပြီး
သူတို့ဘာသာနည်းလမ်းနဲ့ ကုသိုလ်ပြုအမျှဝေတယ်။ ညကျ တော့ အိပ်မက်ထဲမှာ
သူ့သမီးကိုပြန်တွေ့တော့ အရင်ညကအတိုင်း ဘာမှ မထူးခြားဘူးတဲ့”
“ သမီးမှာ
ဘာမှမရပါဘူးလို့ သမီးလေးက ငိုယိုပြီးပြောရှာသတဲ့။ ဒါနဲ့ သူဌေးကြီးဟာ
သူတို့ဘာသာကို စိတ်ကုန်သွားတယ်။ တကယ့်အရေးကျတော့ ဘာမှမကယ်နိုင်ဘူး
မဟုတ်လား။ နောက်တစ်ခါ ခရစ်ယာန်ဘုန်း ကြီးတွေ ပင့်ဖိတ်ပြီး
ကုသိုလ်ပြုအမျှဝေတယ်။ ဒါလည်းမရဘူး။ နောက်တစ်ခါ ဟိန္ဒူဆာဒူးဘုန်းကြီးတွေ
ပင့်ပြီး ကုသိုလ်ပြုတယ်၊ အမျှဝေပြန်တယ်။ ဒါလည်း မရဘူးတဲ့”
“ နောက်ဆုံး ဗုဒ္ဓဘာသာဘုန်းကြီးတွေပင့်ပြီး ကုသိုလ်ပြုအမျှဝေမှ ပြိတ္တာဘ၀က ကျွတ်သွားသတဲ့သား ရဲ့”
“ ကျွတ်သွားတယ်ဆိုတာ ဘာဖြစ်သွားတာလဲ မေမေ”
“
ပြိတ္တာဘုံကနေ နတ်ဘုံရောက်သွားတာကို ပြောတာသားရဲ့။ အဲဒီညကျတော့ သူ့သမီးလေးဟာ
လှလှပပ၊ ၀၀ဖြိုးဖြိုး၊ နတ်ဝတ်တန်ဆာတွေဝတ်ပြီး ရွှေဗိမာန်ကြီးတစ်ခုပေါ်
ရောက်နေတာကို သူဌေးကြီးအိပ် မက်ထဲမှာ တွေ့ရတယ်။ သူ့အတွက် စားစရာ၊ ၀တ်စရာ၊
နေစရာတွေရသွားပြီ။ သံသရာက ဒုက္ခသည်ပြိတ္တာ တွေကို ကယ်တင်နိုင်တာ ဗုဒ္ဓဘာသာပဲ
ရှိတယ်လို့ သမီးလေးက ပြောသွားလိုက်သေးသတဲ့”
“
ဒါကြောင့် သူဌေးကြီးနဲ့ မိသားစုအားလုံးဟာ ဗုဒ္ဓဘာသာထဲကို ၀င်သွားကြတယ်။
မန္တလေးမြို့ ၂၆ ဘီ လမ်းက မိုးကောင်းကျောင်းတိုက်ကြီးထဲမှာ
နှစ်ထပ်ကျောင်းကြီးတစ်ကျောင်းတောင် ဆောက်လုပ်လှူဒါန်းခဲ့ သေးသတဲ့။
သားအသက်ကြီးလာတဲ့အခါ အဲဒီကျောင်းကြီးကို လက်တွေ့သွားကြည့်ပေါ့”
(မှတ်ချက်) ပြိတ္တာဘ၀က ကျွတ်လွတ်စေရန်အတွက် လှူမည်ဆိုလျှင် အလှူခံပုဂ္ဂိုလ် ရွေးချယ်မှရမည်။
၁။ သိက္ခာသုံးပါးနှင့် ပြည့်စုံသော ရဟန်းတော်ဖြစ်ရမည်။
၂။ အပ်စပ်သော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး စသည်ကိုသာ လှူဒါန်းရမယ်။ ကပ္ပိယမပါလျှင် ငွေမလှူသင့်။
၃။ ကွယ်လွန်သူ၏နာမည်ကို ခေါ်၍ ကြိုတင်ဖိတ်မန္တကပြုထားရသည်။
၎။
ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ် ဦးထိပ်မှာထားပြီး ကိုယ်စောင့်နတ်များ၊
အိမ်စောင့်နတ်များ၊ ရွာစောင့်နတ်များ၊ မြို့စောင့်နတ်များ၊ ဘုမ္မစိုးများ၊
ရုက္ခစိုးများ၊ အာကာသစိုးများ၊ သာသနာစောင့် စတုမဟာရာဇ်
နတ်မင်းကြီးလေးပါးတို့သည် ကွယ်လွန်သူ မဖြူတစ်ယောက် ရောက်ရာဘ၀ဘုံဌာနမှ
သာဓုခေါ် ၍ရအောင် အသိပေးကြပါ၊ စောင့်ရှောက်ပေးကြပါဟု မေတ္တာရပ်ခံ
ပန်ကြားရသည်။ ဦးယော၊ ဒေါ်မိန်းကလေး တို့လှူဒါန်းထားသော အလယ်တိုက်ကြီးကို
မန္တလေးမြို့၊ ၂၆ ဘီ လမ်းရှိ မိုးကောင်းကင်စာသင်တိုက်ကြီး၌ သွား
ရောက်လေ့လာကြည်ညိုနိုင်သည်။
“
ဟိုးရှေးရှေးတုန်းက ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ထဲမှာ ဇန်ဂီရေကျော်လို့
အမည်ရတဲ့ ရွာလေးတစ် ရွာ ရှိသတဲ့သားရေ။ အဲဒီရွာလေးမှာ ကရင်တိုင်းရင်းသား
မိသားစုတွေ နေထိုင်ကြတယ်။ တစ်ရွာလုံး ခရစ်ယာန် ဘာသာဝင်တွေပေါ့ကွယ်။
တစ်ခါတော့ (၁၉၉၀ ၀န်းကျင်) အဲဒီရွာမှာ ၀မ်းရောဂါကပ်ဘေးကြီးတစ်ခု ကျရောက်
ပြီး ရွာသူရွာသားတွေ အများကြီးသေဆုံးကုန်တယ်”
“
တစ်ယောက်သေလို့ သုဿာန်မှာ သွားမြှုပ်တုန်းရှိသေးတယ် ရွာထဲမှာ နောက်တစ်ယောက်
သေနေ ပြန်တယ်။ ဒါနဲ့ပဲ တချို့ရွာသားတွေက အကြောက်လွန်ကြတော့ ဒီရွာကနေ
တခြားရွာတွေကို ပြောင်းပြေးကုန် ကြတယ်။ ဘယ်လိုဆေးဝါးတွေနဲ့မှ
ကုသကာကွယ်လို့မရတဲ့အခါ သူတို့အားထားရာ ခရစ်ယာန်ဘုရားကျောင်း ကို သွားကြတယ်။
ဓမ္မဆရာကို အကူအညီတောင်းဖို့ပေါ့”
“ ဒါပေမယ့် ဓမ္မဆရာက သူတို့ထက်အရင် ရန်ကုန်ကိုထွက်ပြေးသွားပြီ။ မရှိတော့ဘူး”
“ ဟင်၊ ဘယ်လို ဓမ္မဆရာကြီးလည်း မေမေရယ်။ သူ့ တပည့်သားတွေကို သူမို့ ပစ်ထားရက်တယ်၊ နော် မေမေ”
“
ခေါင်းဆောင်ကောင်း မပီသတာပေါ့ သားရယ်။ ဘာသာရေးမှာဖြစ်ဖြစ်၊
နိုင်ငံရေးမှာဖြစ်ဖြစ် ခေါင်း ဆောင်ကောင်းကို ရှာတဲ့အခါ စိတ္တသတ္တိဟာ
အရေးအကြီးဆုံး အရည်အချင်းပေါ့ သားရယ်”
“ စိတ္တသတ္တိဆိုတာ ဘာလဲမေမေ”
“
မိမိအကျိုးနဲ့ အများအကျိုးယှဉ်လာရင် မိမိအကျိုးစွန့်ပြီး အများအကျိုးကို
ဦးစားပေးလိုက်တာ။ အမှား နဲ့အမှန် နှစ်ခုယှဉ်လာရင် လူမျိုးစွဲ၊ ဒေသစွဲ၊
ဘာသာစွဲမရှိဘဲ မှန်တဲ့ဘက်က ရပ်တည်ရဲတာတို့ဟာ စိတ္တသတ္တိ ပေါ့ သားရယ်။
ဘာသာရေးနဲ့ပတ်သက်ပြီး စိတ္တသတ္တိရှိတဲ့ တရုတ်ရဟန်းတော် ချန်မင်းအကြောင်း
သားကိုပြော ပြမယ်”
“
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်လောက်ကပေါ့ သားရယ်။
ပင်လယ်ကူးသင်္ဘောကြီးတစ်စင်းဟာ တရုတ်ပြည်ကနေပြီး အိန္ဒိယနိုင်ငံကို
ဖြတ်မောင်းလာတယ်။ လမ်းခုလတ်မှာပဲ မုန်တိုင်းမိပြီး သင်္ဘောကြီးမှောက်
သွားတယ်။ လူတွေ ရာနဲ့ချီပြီး ပါလာတဲ့သင်္ဘောကြီးဆိုတော့ ချက်ချင်းတော့
မြှုပ်မသွားဘူးပေါ့ သားရယ်။ ဖြည်းဖြည်းချင်း စောင်းပြီး နစ်နေတာပေါ့”
“
ဒီအချိန်မှာ သင်္ဘောကပ္ပတိန်ဟာ စိတ်တည်ငြိမ်စွာနဲ့ ခရီးသည်တွေကို
အမိန့်ပေးစီမံနေတယ်။ လူ တစ်ထောင်ကျော်လောက်ပါတယ်ဆိုရင် အသက်ကယ်လှေက
နည်းနေတော့ ခုနှစ်ရာလောက်ပဲ အသက်ရှင်ခွင့် ရမယ်။ သုံးရာကျော်လောက်ကတော့
သေကြရမယ်။ ကပ္ပတိန်စီမံတာကို လက်မခံဘဲ ကိုယ်ထင်ရာ၊ ကိုယ်ဦး ရာလှေကို
လုစီးကြမယ်ဆိုရင် လူအားလုံး သေကုန်ကြမယ်”
“
ကပ္ပတိန်ကလည်း ဒီအတိုင်းရှင်းပြလိုက်တယ်ပေါ့။ ဒါကြောင့် ခရီးသည်အားလုံးဟာ
ကပ္ပတိန်ရဲ့အစီ အစဉ်အတိုင်း နာခံကြတယ်။ သူ့အစီအစဉ်က ပထမဆုံး ရဟန်းတွေ
လှေပေါ်တက်မယ်၊ ဒုတိယ ကလေးတွေ၊ တတိယ အမျိုးသမီးတွေ၊ စတုတ္ထ အမျိုးသားတွေပေါ့။
ပါလာတဲ့ရဟန်းတော်တွေ အသက်ကယ်လှေပေါ်လည်း စတက်ရော တရုတ်ရဟန်းတော်ချန်မင်းက
မတက်ဘဲ သင်္ဘောထဲမှာ ချန်နေလိုက်တယ်”
“ ကပ္ပတိန်က
အသက်ကယ်လှေပေါ်တက်ဖို့ ပြောတဲ့အခါ ရဟန်းတော်ချန်မင်းက ပြန်ပြောလိုက်တယ်။
သူ့အသက်ကို ခရီးသည်တစ်ယောက်အတွက် လှူလိုက်ပြီတဲ့။ ကပ္ပတိန်ဟာ
ရဟန်းတော်ချန်မင်းကို လက်ဆွဲ နှုတ်ဆက်ပြီး အလေးပြုတယ်။ ဒီလိုနဲ့
လူခုနစ်ရာကျော် အသက်ရှင်ခွင့်ရပေမယ့် သုံးရာကျော်လောက်ကတော့
သင်္ဘောကြီးနဲ့အတူ ပင်လယ်ထဲမှာ နစ်မြှုပ်ကျရောက်ပြီး သေဆုံးသွားကြတယ်”
“ အဲဒီ
သုံးရာကျော်ထဲမှာ ရဟန်းတော်ချန်မင်းလည်း ပါသွားတာပေါ့။ တကယ်တော့
ရဟန်းတော်ချန် မင်းဟာ ဗုဒ္ဓဂယာကို ဘုရားဖူးရအောင် လာတာပါ။
ဘုရားရှင်နှစ်သက်တော်မူခဲ့တဲ့ အနစ်နာခံခြင်းဆိုတဲ့ ဓမ္မနဲ့ ဘုရားရှင်ကို
ပူဇော်သွားတာပါ။ အဲဒါ စိတ္တသတ္တိပေါ့ သားရယ်။ မှန်တဲ့ဘက်ကနေရဲတဲ့ စိတ္တသတ္တိကို
ဥပမာပေး ရရင် အမေရိကန်သမ္မတကြီး လင်ကွန်းပေါ့သားရယ်။ ဟိုးလွန်ခဲ့တဲ့
နှစ်ပေါင်းများစွာကတည်းက အာဖရိကတိုက် မှာ နီဂရိုးလူမည်းတွေကို ဖမ်းပြီး
အမေရိကန်တောင်ပိုင်း စိုက်ပျိုးရေးနယ်တွေမှာ ကျွန်အဖြစ် ခိုင်းစားကြတယ်။
“
လူလူချင်း ကျွန်အဖြစ်ခိုင်းစားတာဟာ မှားနေမှန်းသိပေမယ့်
အမေရိကန်သမ္မတအဆက်ဆက်ဟာ မှားတဲ့ဘက်ကပဲ ရည်တည်ခဲ့ကြတယ်။ ကျေးကျွန်စနစ်ကို
ဖျက်သိမ်းဖို့ မကြိုးစားခဲ့ဘူး။ သမ္မတကြီးလင်ကွန်းက တော့ စိတ္တသတ္တိရှိတယ်။
သမ္မတကြီးလင်ကွန်းဟာ လူဖြူတစ်ယောက်ဖြစ်ပေမယ့် လူမည်းတွေဘက်ကပဲ ရပ်
တည်ခဲ့တယ်။ လွှတ်တော်မှာ ကျွန်စနစ်ဖျက်သိမ်းဖို့ အဆိုတင်သွင်းတာ
အောင်မြင်သွားတယ်”
“
ဒီဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ အမေရိကန်တောင်ပိုင်းက မြောက်ပိုင်းကနေ
ခွဲထွက်တယ်။ မြောက် ပိုင်းနဲ့တောင်ပိုင်း စစ်ဖြစ်တယ်။
မြောက်ပိုင်းကနိုင်သွားတဲ့အတွက် လူမည်းတွေ ကျွန်ဘ၀က လွတ်မြောက်သွား တယ်။
အဲဒီလို မှန်တဲ့ဘက်က ရည်တည်ခဲ့တဲ့အတွက် လူဖြူတစ်ယောက်ရဲ့
လုပ်ကြံသတ်ဖြတ်တာကို ခံရလို့ သမ္မတကြီး ကျဆုံးသွားတယ်။ အဲဒီလို မှန်တဲ့ဘက်က
နေရဲတာလည်း စိတ္တသတ္တိပေါ့ သားရယ်”
“
မေမေ့ပုံပြင်လေးကို ဆက်မယ်ကွယ်၊ ဆုံးခါနီးပါပြီ။ ဇန်ဂီရေကျော်ရွာသားတွေဟာ
သူတို့ဘာသာရေး ခေါင်းဆောင်က သူတို့ကိုပစ်သွားတော့ အားကိုးရာအသစ်ရှာရင်း
ကနေစိုချောင်းရွာဆရာတော်ကြီးဆီ ရောက် သွားတယ်။ ဆရာတော်ကြီးက အလယ်ရေကျော်
ဆရာတော်ကြီးနှင့်တကွ သံဃာတော်ငါးဆယ်ကျော်ကို လွှတ် ပေးပြီး ပရိတ်၊
ပဋ္ဌာန်းတော်ကြီးကို ရက်အတော်ကြာအထိ ရွတ်ဖတ်ပေးလိုက်တာ ကပ်ရောဂါဘေးကြီး တစ်ခါ
တည်း ပျောက်ကွယ်သွားတယ် သားရဲ့”
“ အဲဒီမှာတင် ဇန်ဂီရေကျော်တစ်ရွာလုံးဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်သွားကြတယ်”
သားလေးရှင်ပြုခါနီး
ဆယ်နှစ်ကျော်ကျော်အရွယ်မှာပင် မုတ်ဆိတ်ဓမ္မဆရာနှစ်ယောက်နှင့် …..ဘာသာ ၀င်
သူဌေးလေးဦးတို့ အိမ်ပေါ်သို့ ရောက်လာကြပြန်တယ်။ ငွေထည့်ထားသော အိတ်ကအရင်
တစ်ခါလာတုန်း က ပါသောအိတ်မျိုး နှစ်အိတ်တောင်ဖြစ်နေသောကြောင့်
သိန်းတစ်ရာကျော်မည်ဟု ခန့်မှန်းရသည်။ ကိုကို၏ မျက်နှာကို
လှမ်းအကဲခတ်ကြည့်လိုက်သောအခါ အရင်တစ်ခေါက်ကကဲ့သို့ ပျာပျာသလဲ
မဖြစ်တော့သည်ကို သတိထားမိလိုက်သည်။
“ မလှလှတို့ သားလေး ရှင်ပြုဖို့အတွက် ကျွန်တော်တို့က သိန်းတစ်ရာနှစ်ဆယ် လာပြီးကူညီတာပါ”
“ ရှင်ပြုတာတော့ ဟုတ်ပါပြီ။ ….ဘာသာလိုပြုရမှာလား၊ ဗုဒ္ဓဘာသာလို ပြုရမှာလား”
“ မိသားစုအားလုံး …..ဘာသာထဲဝင်ပြီးမှ ကလေးကို …..ဘာသာလို ရှင်ပြုရမှာပါ”
“ တစ်ခုတော့ ဆွေးနွေးချင်တယ်”
“ ဟုတ်ကဲ့၊ ပြောပါ”
“
ဦးဖြူမိသားစုနဲ့ ဦးမည်းမိသားစု နှစ်ခုရှိတယ်ပဲ ဆိုကြပါစို့။ ဦးမည်းက
သူ့သားသမီးတွေကို ဆုံးမ တယ်။ ကျွေးမွေးပေးကမ်းစရာရှိရင်
ကိုယ့်မိသားစုအချင်းချင်းပဲ ကျွေးမွေးပေးကမ်းကြ၊ မိသားစုမဟုတ်ရင်
ဘယ်သူ့မှပေးကမ်း ကျွေးမွေးတာမလုပ်ပါနဲ့တဲ့။ ဦးဖြူကတော့
ကျွေးမွေးပေးကမ်းစရာရှိနေရင် မိသားစုစွဲ၊ ဆွေ မျိုးဆွဲထားမနေနဲ့
လိုအပ်နေတဲ့သူဆို မိသားစုဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကျွေးသာကျွေးလို့ ဆုံးမတယ်”
“ ဦးမည်းနှင့် ဦးဖြူနှစ်ယောက်တို့မှာ မြင့်မြတ်သူအဖြစ် ဆရာတို့က ဘယ်သူ့ကိုရွေးချယ်မလဲ”
“ ဦးဖြူကိုပဲ ရွေးချယ်မှာပါ”
“
မှန်ပါတယ်၊ ကျွန်မကလည်း ဆရာတို့နဲ့ထပ်တူပါပဲ။ ဦးဖြူကို ကျွန်မတို့
ဘာလို့ရွေးချယ်သလဲဆိုရင် အဆင့်မြင့်လူသားတစ်ယောက်ရဲ့ မေတ္တာမျိုး
ထားနိုင်လို့ပဲ။ ဦးမည်းကို ဘာကြောင့်မရွေးချယ်သလဲဆိုရင် လူ သားဖြစ်လျက်နဲ့
အဆင့်နိမ့်တိရိစ္ဆာန် မေတ္တာအဆင့်လောက်သာ ထားနိုင်လို့ပဲ”
“
ခွေးမတစ်ကောင် ခွေးကလေးတွေမွေးလာရင် နို့တိုက်တယ်။ ခွေးကလေးတွေ
ထမင်းစားတတ်ချိန် ရောက်လာရင် နေရာအနှံ့က ရှာစားလာပြီး အန်ကျွေးတယ်။
တကယ်တော့ ဒါဟာ မထူးဆန်းပါဘူး။ ကိုယ့် ကလေးမို့ ကိုယ်ကျွေးတာလေ။ ထူးဆန်းတာက
တခြားခွေးကမွေးတဲ့ ခွေးလေးတွေလာစားတာကို ကြည်ဖြူခြင်း ပဲ။ အဲသလို
ကြည်ဖြူတဲ့ခွေးမကတော့ မရှိသလောက်ရှားတယ်။ တချို့ခွေးမတွေဆိုရင်
သူတို့အန်ချထားတဲ့ အန်ဖတ်တွေကို တခြားခွေးလေးတွေ လာစားရင်
အသေကိုကိုက်သတ်ပစ်လိုက်တာ”
“
လူဖြစ်နေလျက်နဲ့ မိမိ မိသားစု ချမ်းသာရေးလောက်ထားတဲ့ မေတ္တာမျိုးဟာ
တိရိစ္ဆာန်အဆင့်လောက် ပဲရှိပါသေးတယ်။ ဘာသာစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊
မိသားစုစွဲ မထားဘဲ လူသားမှန်သမျှအပေါ် ထားတဲ့မေတ္တာမျိုး ကမှ
အဆင့်မြင့်လူသားဆန်တဲ့ မေတ္တာလို့ ဆိုရမှာပေါ့။ ကျွန်မတို့ ဗုဒ္ဓဘုရားရှင်က
အဲဒီလို လူသားဆန်တဲ့ မေတ္တာမျိုးထားတတ်အောင် ဟောလည်းဟောတယ်၊
ကိုယ်တိုင်လည်းလုပ်ဆောင်ပြတယ်”
“ ဗုဒ္ဓနဲ့ခေတ်ပြိုင် နိဂဏ္ဍနာဋပုတ္တ အမည်ခံ ဘာသာရေးခေါင်းဆောင်တစ်ဦး ပေါ်ထွန်းခဲ့ဖူးတယ်။ သူက ကံသုံးပါးမှာ ကိုယ်နဲ့
သူတော်ကောင်း၏ ကလဲ့စား ( ၃ )
*************************
*************************
“
ဗုဒ္ဓနဲ့ခေတ်ပြိုင် နိဂဏ္ဍနာဋပုတ္တ အမည်ခံ ဘာသာရေးခေါင်းဆောင်တစ်ဦး
ပေါ်ထွန်းခဲ့ဖူးတယ်။ သူက ကံသုံးပါးမှာ ကိုယ်နဲ့ပြုတဲ့ကံက အပြစ်အကြီးဆုံးလို့
သတ်မှတ်ဟောကြားတယ်။ ဗုဒ္ဓက စိတ်နဲ့ပြုတဲ့မနောကံက အပြစ်အကြီးဆုံးလို့
သတ်မှတ်ဟောကြားတယ်။ သူ့ကို ကိုးကွယ်တဲ့ ဥပါလိအမည်ရှိတဲ့သူကြွယ်က ကာယကံက
အပြစ်အကြီးဆုံးဖြစ်ကြောင်း ၀ါဒပြိုင်ဖို့ ဘုရားရှင်ဆီရောက်လာတယ်”
“ဗုဒ္ဓက
အမှောင်ထဲမှာ စင်္ကြလျှောက်နေတဲ့ လူတစ်ယောက်ဟာ ပိုးကောင်တွေကို မမြင်ရလို့
မတော် တဆ နင်းသတ်မိသွားတယ်။ အဲဒီ အပြစ်ရှိသလားလို့ မေးလိုက်တဲ့အခါ ဥပါလိက
သေစေချင်တဲ့ စိတ်စေတနာ မပါလို့ အပြစ်မရှိကြောင်းဖြေလိုက်တယ်။ အဲဒီမှာတင်
ဝါဒပြိုင်ပွဲက ပြီးသွားပါပြီ။ ကာယကံက အပြစ်အကြီးဆုံး လို့ ဆိုထားတဲ့
သူ့ဆရာရဲ့ဝါဒက မှားယွင်းကြောင်း အလိုလိုဝန်ခံပြီးသား ဖြစ်သွားတယ်လေ”
“
အဲဒီမှာတင် ဘုရားရှင်ရဲ့တရားကို ဆက်နာပြီး သောတာပန်တည်သွားတယ်။
သောတာပန်တည်ပြီး တဲ့နောက် တပည့်တော်အား ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို
ကိုးကွယ်ဆည်းကပ်သူဟု မှတ်တော်မူပါ ဘုရားဆိုပြီး လျှောက်ထားတယ်။ ဒီအခါ
ဘုရားရှင်က ဥပါလိ သင့်အိမ်ဟာ နိဂဏ္ဍဂိုဏ်းသားတွေရဲ့ နေ့စဉ်
အလှူခံရာဌာနဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်သွားသော်လည်း နိဂဏ္ဍဂိုဏ်းသားတွေလာရင်
အရင်ကအတိုင်း လှူမြဲလှူပါလို့ တိုက်တွန်းတော်မူတယ်”
“ရှင်တို့
ဘုရားက …..ဘာသာဝင်ဖြစ်မှ ထောက်ပံ့ရမယ်၊ မဖြစ်ရင်
မထောက်ပံ့ရဘူးလို့တားထားတယ်။ ကျွန်မတို့ ဗုဒ္ဓဘုရားရှင်ကတော့ ဘယ်ဘာသာဝင်မဆို
ထောက်ပံ့လို့ရတယ်လို့ ခွင့်ပြုတော်မူခဲ့တယ်။ ဒါဆိုရင် ဘယ်ဘုရားက
သဘောထားကြီးတယ်ဆိုတာ ခန့်မှန်းလို့ရနိုင်ပါပြီ။ သဘောထားကြီးတဲ့
ဘုရားရှင်ကို ကိုးကွယ် ထားမိတဲ့ ကျွန်မတို့ဟာ သဘောထားသေးတဲ့ ဘုရားကို
ပြောင်းကိုးကွယ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါ ဘူး”
“
ကျွန်မတို့ ဗုဒ္ဓကိုယ်တော်တိုင်က ဟောတော်မူခဲ့ဖူးပါတယ်။ ငါဘုရား
တရားဒေသနာများ ဟောတော် မူနေတာဟာ ဘာသာခြားတွေ ဗုဒ္ဓဘာသာဖြစ်လာဖို့
မဟုတ်ပါဘူး။ စိတ်ထားဖြူစင်လာဖို့ပါတဲ့။ ဒါကိုကြည့်ပြီး ဆရာတော်တစ်ပါးက
ဒဿနတစ်ခု ရေးထားပါတယ်”
“
ဘာသာတစ်ခုမှ အခြားဘာသာတစ်ခုသို့ ကူးပြောင်းအောင်လုပ်ဆောင်ခြင်းမျိုးသည်
ထူးခြားသော ၊ မြင့်မြတ်သော လုပ်ဆောင်ခြင်းမျိုးမဟုတ်၊ အတ္တဆန်သောဘ၀မှ
အနစ်နာခံသောဘ၀သို့ ရောက်သွားအောင်၊ မည်းညစ်သောဘ၀မှ
ဖြူစင်သောဘ၀သို့ရောက်သွားအောင် လုပ်ဆောင်ခြင်းမျိုးသည်သာလျှင် ထူးခြားသော၊
မြင့်မြတ်သော လုပ်ဆောင်ခြင်းမျိုးဖြစ်သည်”တဲ့။
ဒါကြောင့်
ကျွန်မတို့ ဗုဒ္ဓဘာသာမှာ ပစ္စည်းပေးပြီး ဘာသာဝင် အရေအတွက်များအောင် ဘယ်တော့မှ
မလုပ်ကြဘူး။ ငွေကြေး၊ ပစ္စည်းရလို့ ကိုယ့်ဘာသာထဲဝင်လာတာဆိုရင်
ဘယ်မှာတန်ဖိုးရှိတော့မှာလဲ။ ရုပ်ဝတ္ထု ကို မက်တဲ့သူက မိမိတို့
ဘာသာထဲဝင်လာရင်လည်း သူတို့ရဲ့ရုပ်ခန္ဓာကြီးပဲ ၀င်လာမှာပေါ့။ နာမ်လို့ခေါ်တဲ့
စိတ်က ဘယ်မှာဝင်လာပါ့မလဲ”
“ အခုလည်း
သိန်း (၁၂၀) ရလို့ ….ဘာသာထဲ ကျွန်မ၀င်လာတယ်ဆိုရင် ကျွန်မရုပ်ခန္ဓာပဲ
ဖြစ်မှာပေါ့။ နာမ်ခန္ဓာက ဗုဒ္ဓဘာသာထဲ ကျန်ခဲ့မှာပဲ။ ရုပ်ခန္ဓာသာ
မိမိဘာသာထဲဝင်လာပြီး နာမ်ခန္ဓာပါမလာဘူးဆိုရင် လူသေနဲ့ ဘာမှမထူးပါဘူး။ ၂၀၁၀
ခုနှစ် သန်းခေါင်စာရင်းအရ ကမ္ဘာတစ်ဝှမ်းလုံးမှာ ခရစ်ယာန်ဘာသာဝင်ဦး ရေ
သန်းပေါင်း (၁၇၀၀) ကျော်၊ အစ္စလာမ်ဘာသာဝင်ဦးရေ သန်းပေါင်း (၁၂၀၀) ကျော်၊
ဟိန္ဒူဘာသာဝင်ဦး ရေ သန်းပေါင်း (၁၀၀၀)၊ ဗုဒ္ဓဘာသာဝင်ဦးရေ သန်းပေါင်း (၇၅၀)
ကျော်ရှိပါတယ်”
“ဗုဒ္ဓဘာသာဝင်ဦးရေဟာ
ကမ္ဘာမှာ အနည်းဆုံးဖြစ်ပေမယ့် ၀င်လာသူမှန်သမျှကတော့ ရုပ်ခန္ဓရော၊ နာမ်ခန္ဓာပါ
နှစ်ပါးလုံးပါတဲ့သူတွေချည်းပါ။ ငွေကြေးပစ္စည်းရလို့ ဗုဒ္ဓဘာသာထဲဝင်လာတဲ့
သူသေလို ဗုဒ္ဓဘာသာ ၀င်ဟာ မရှိသလောက်ရှားပါတယ်”
“ အဲသလောက်ရှင်းပြရင် ဆရာတို့နားလည်လောက်ပါပြီ။ ကိုယ့်ငွေကိုယ်ပြန်ယူပြီး သွားနိုင်ပါပြီ”
လှလှစကားအဆုံးတွင် မုတ်ဆိတ်ဓမ္မဆရာနှင့် သူဌေးများ ငွေထုတ်ကိုကောက်ယူကာ ခပ်သွက်သွက် ဆင်းသွားကြတော့သည်။
ကိုကိုဖတ်သော
စာအုပ်များတွင် မေတ္တာရှင်(ရွှေပြည်သာ)ရေးသားသည့် “ အသေမြတ်ချင် သေနည်း သင်”
အမည်ရှိ အိတ်ဆောင်စာအုပ်လေးသည် သူ့နှလုံးသားကို အထိဆုံးဖြစ်သည်။ သူသည်
ထိုစာအုပ်ကို ခုနစ်ကြိမ်ထိ ပြန်ဖတ်ဖြစ်သည်။ မည်သည့်ဘာသာဝင်မဆို
အသေမြတ်ဖို့အတွက်
၁။ မရဏနုဿတိ ဘာသနာကို နေ့စဉ်အချိန်ရသမျှ ပွားများရမည်။
၂။ လောဘ၊ ဒေါသ၊ မောဟ နည်းပါးအောင် ဒါနပြုရမည်။ ဘာဝနာတစ်ခုခု ပွားရမည်။
၃။ သရဏဂုံသုံးပါး စွဲမြဲကြရမည်။
၎။ မိမိကိုယ်ကို နံ့သားဖြူပင်လေးလို့ဖြစ်အောင် နေရမည်။
ဟူသော
အချက်လေးချက်သည် သူ့နှလုံးသားထဲ စွဲဝင်လျက်ရှိသည်။ လင်မယားနှစ်ယောက်လုံး
ဗုဒ္ဓ ဘာသာဝင်ဖြစ်သွားကြသောအခါ စီးပွားရေးပါ အဆင်ပြေလာသည်။ ယခုနှစ်ဆိုလျှင်
သူတို့သားလေး ရှင်ပြုရ တော့မည်။ လှလှက ဆုံးဖြတ်ချက်ချထားသည်။
စိတ္တသုခကျောင်းဆရာတော်ကြီးသည် သူ့တပည့်ရင်း ….ဘာသာထဲဝင်သွားသောကြောင့်
ကျောင်းပြင်သို့ မထွက်ရဲအောင်ပင် အရှက်ရခဲ့ရှာသည်။
မိမိသည်လည်း
ဆရာတော်၏ တပည့်တစ်ဦးပင်ဖြစ်သည်။ ထို့ကြောင့် …..ဘာသာဝင်များကို လက်
စားချေသောအနေဖြင့် သူ့သားလေးရှင်ပြုသောအခါ ကျောင်းတွင်ရှင်ပြုပြီး၊
….ဘာသာဝင်ဘ၀မှလာသူ ယောက်ျားကိုလည်း ဒုလ္လဘရဟန်းခံပေးရန် ဆုံးဖြတ်လိုက်သည်။
ဤသည်ကား သူတော်ကောင်း၏ ကလဲ့စား ချေနည်းပင် ဖြစ်ပါလေ၏။
မေတ္တာရှင် - ရွှေပြည်သာ
လူသတ်သမား၏ ကရုဏာ
နှင့် အခြားဝတ္ထုတိုများ
နှင့် အခြားဝတ္ထုတိုများ
စာအုပ်မှ ကူယူဖေါ်ပြပါသည်။
No comments:
Post a Comment